2019.09.11FOOD
ရန်ကုန်က လူတွေသိပ်မသိသေးတဲ့ မွန်အစားအစာတွေနဲ့ Paradise လေး တစ်ခု🌴🍍🍛🌭🧀🍜
ရိုးရာအစားအစာတွေစားမယ်
ဒါ ဘယ်နေရာလဲပေါ့ ရန်ကုန်မှာဒီလိုနေရာလေးရှိလားပေါ့ ရှိပါတယ်ဗျာ ၇မိုင် မှာပါ
မြို့ထဲက ရိုးလွန်းတဲ့နေရာကြီးတွေမှာ စားနေတာတွေ ရပ်လိုက်တော့ဗျာ😂
ရေကန်လေးနဲ့ တိတ်ဆိတ်တဲ့ပတ်၀န်းကျင်လေးနဲ့ သီချင်းသံလေးတွေပျံ့လွင့်နေတဲ့ နေ့လည်ခင်းလေးကတော့ ပြည့်စုံစေရမယ်ဗျ လေညှင်းခံရင်း သဘာ၀နဲ့ထိတွေ့ရသလိုပါပဲ စားတော့လည်း မွန်ရိုးရာ အစားအစာဆိုတော့ ဘာလိုသေးလဲပေါ့
💥သွားခါနီး Booking ကြိုလုပ်ထားရင် 15%offနဲ့ Check In ၀င်ထားတယ်ဆိုတာလေး ပြရင် 5%off 20%နော်😊
နောက်ပိုင်း ရိုးရာအစားအစာတွေကလည်း မြန်မာပြည်ရဲ့ Attraction တစ်ခုလို ဖြစ်လာနေပြီး ဒီလိုနေရာ ရန်ကုန်မှာ လက်ချိုးရေလို့ရတယ်နော် foreignerတွေလည်း တော်တော် လာစားတယ် သူတို့တောင် နေရာဘယ်လိုသိတယ်မသိ😊
မွန်အရသာစစ်စစ်စားရမယ် ၀န်ဆောင်မှုကောင်းတယ်ဗျာ အရသာအတွက်တော့ ပေးရတဲ့ဈေးနဲ့ သိပ်ပြောစရာမရှိ 👍ပူပူလေး စားရတယ် အဲဒါကတော်တော်မိုက်တယ်
ဘာတွေရလဲ
မွန်ရိုးရာအစားအစာတော်ဝောာ်စုံစုံရတယ်
ပြုတ်လက်သုပ်ဟင်းရည်၊ နာနတ်သီး ၀က်သားဟင်း၊ ကြက်ကောင်လုံးပြုတ်သုပ်၊
စပါးလင်ထောင်းကြော်၊ ပြည်ကြီးငါး ကောက်ညှင်းအစာသွပ်၊ သီးစုံလယ်တောဟင်း၊
ရုံးပတီသီး အစာသွပ်၊ စင်းကော၊လယ်တောဟင်းတွေလည်း ရတယ်ဗျ အသားကတော့ (ငါး၊
ကြက်သား၊ ၀က်သား၊ အမဲသား၊ ဘဲသား၊ ပုဇွန်) အစုံရတယ်ဗျ
အသုပ်တွေမှာလည်း တော်တော်စုံတယ်
ငှက်ပျောဖူး၊ ပဲသီးရှည်သုပ်၊ သင်္ဘောသီးရေမှော်၊ ကန်စွန်းရွက်၊ သခွားသီး၊ ပြောင်းဖူး၊ သီးရွက်စုံ😱
သောက်စရာ
☕ကော်ဖီအပူ ကော်ဖီအအေး Fresh Juice Smoothies အစုံရတယ်ဗျ🍹သူလည်း အစုံပဲ
ဆိုင်အနေအထား
View လေးကြည့်စားရတာကတော့ ကြိုက်တယ် ကန်နားကပ်ရင်တော့ နည်းနည်း
အနံ့အသက်ရှိတယ် အစားအသောက်ကလည်း လာမှချက်ပြုတ်ပေးတာဆိုတော့ နည်းနည်းတော့
စောင့်ရတယ်ဗျ…
မှာစရာရှိတာ ရောက်ကတည်းကမှာထားပါ တစ်ဝိုင်းပြီးမှ တစ်ဝိုင်းလုပ်ပေးတာ မသိတော့ အသုပ်အရင်မှာပြီး menu ကြည့်နေလိုက်တာ တခြားသူတွေရောက်လို့ ကိုယ်က ကြားထဲ မှာချင်တာရှိရင် ပြန်စောင့်ရလိမ့်မယ်🤔 အပီအပြင်မဆွဲခဲ့ရ
မွန်အစားအစာတွေတော်တော်စုံစုံရလို့ ထွေထွေထူးထူး မပြောတော့ပါဘူးဗျ ပုံလေးတွေမှာ အရသာလေးတွေ ထည့်ပေးထားပါတယ်..
မွန်စာ စားချင်ရင် မွန်ပြည်နယ်တောင် သွားနေစရာ မလိုတော့ဘူး ဆိုင်ခွဲလေးက ဗဟန်းမှာလည်း ရှိတယ်ဗျ ဒီဆိုင်လေးကတော့ မတူတဲ့အထိအတွေ့လေး ပေးစွမ်းမှာ သေချာပါတယ်


ကန်ရေပြင်လေးနဲ့


မွန်အစားအစာတွေ

ဆိုင်အထဲအနေအထား

၀က်သား နာနတ်သီးဟင်း
ဗမာတစ်ယောက်အနေနဲ့ အဲလိုချက်တာ ပထမဆုံးစားဖူးတာပါပဲ ပန်းကန်လေးကလည်း စောင်းစောင်းလေး 😉အရသာကလည်း ဗမာအရသာပါပဲ ချဉ်ချဉ်နဲ့ ပူပူလေး ၀က်သားကတော့ တော်တော်များတယ်

ပိန်းဉစပါးလင်
ဒီလိုကြော်ထားတာလည်း မစားဖူးဘူး အရသာတော်တော်မိုက်တယ် ကြွပ်ကြွပ်နဲ့ အရသာရှိတာ ချဉ်ရည်ကတော့ ချဉ်ချဉ်လေး လုပ်ပေးထားတယ် must try ပါ

အကြော်စုံ
ဒါကတော့ ထွေထွေထူးထူးမပြောတော့ပါဘူး ပူပူလေးစားရတာကတော့ တော်တော်မိုက်တယ် ချဉ်ရည်လေးက အသက်ပဲ

ငှက်ပျောဖူးသုပ်
သူ့ကို ချဉ်ငံစပ်လေး သုပ်ပေးထားတယ် တော်တော်ဆိမ့်တယ်

သာကွေအိုင် ကန်စွန်းဉရဲ့ အရသာကိုတော့ တော်တော်ကြိုက်သွားတယ် ထမင်းစားပြီး အချိုတည်းပေါ့

Counter နား

သာကွေအိုင်နဲ့ သာကူ





လမ်းမှားမှာ စိုးလို့ပါ ၇မိုင်မှတ်တိုင်ကနေဆိုရင် သိပ်မ၀င်ရပါဘူး မွန်ရိုးရာ အစားအစာလို့ ရေးထားပါတယ် ခု ပြထားတဲ့ လမ်းအတိုင်း ၀င်သွားရင် ရပါပြီ
🔖ဆိုင်လိပ်စာလေးကတော့
“ Jana Mon”
Mon Traditional Cuisine
No.1/B, 6 Khone Myint That Road, (Off U Sein Mg Lane), Mayangone Township,Yangon.
📲09 894 490 766
By : Nay
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

