2019.09.25FOOD
ပေးရတာထက် တန်တဲ့ ခံစားချက်နဲ့ NooDi
ကော်ရည်ခေါက်ဆွဲလို့ကြားလိုက်တာနဲ့ ပျစ်ချွဲနေတဲ့ ကော်ရည်ကို အရင်ပြေးမြင်ကြတယ်။ လူတိုင်းလိုလို ကြိုက်တဲ့ အစားအစာထဲမှာတော့ ပါဝင်ခြင်းမရှိပါဘူး။ ဒီလိုအမြင်တွေကို NooDi က ပြောင်းလဲ နိုင်စွမ်းရှိတယ်။ ကော်ရည်ဆို ခါးခါးသီးသီး မကြိုက်တဲ့သူတွေက လွဲရင် NooDi က ကော်ရည်ခေါက်ဆွဲကို တစ်ခေါက်လောက်တော့ သွားစားကြည့်စေချင်တယ်။
ပြည်တွင်းကြိုက်အရသာကို အခြေခံထားပြီး သူတို့ကိုယ်ပိုင် နည်းပညာနဲ့ ချက်ပြုတ်ထားတယ်လို့သိရတယ်။ အရသာကောင်းအောင် အချိုမှုန့်မသုံးဘဲ အသားပေါင်းအရည်ကို အချိုတည်ပြီး ချက်ထားတယ်လို့ ကြားရတယ်။ ဒါကြောင့် အရသာဟာ ချိုချိုလေးဖြစ်နေသည်တိုင်အောင် ရေငတ်တာမျိုးမဖြစ်ဘူး။
ကျွန်တော်တို့ စားလာတတာ အမယ် (၅)မျိုး။ ကြက်ပေါင်းကော်ရည်ခေါက်ဆွဲ၊ ဝက်ခြေထောက်စွပ်ပြုတ်၊ ဝက်ပသျူးသုတ်၊ သင်္ဘောသီးထောင်း၊ ဖက်ထုတ်ပီဇာ တို့ပါပဲ။
ကြက်ပေါင်းကော်ရည်ခေါက်ဆွဲ (၁,၃၀ဝ + ၁,၅၀ဝ ကျပ်)

NooDi ရဲ့ အသက်က ကော်ရည်ခေါက်ဆွဲပဲ။ တစ်ခြားဆိုင်တွေမှာ မရနိုင်တဲ့ Menu ရွေးချယ်မှုမျိုး သူ့မှာ ရနိုင်တယ်။
အရည်မှာမယ်ဆိုရင် ကြက်ပေါင်းရည်၊ အသုပ်၊ ကော်ရည် ဆိုပြီး အရည် (၃) မျိုးရွေးလို့ရတယ်။ သူက ၁၃၀ဝကျပ်။
ပြီးတော့ အဖတ်မှာဆိုရင် ဂျုံပြားခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲလုံး၊ ညှပ်ခေါက်ဆွဲပြား၊ ကြာဇံ ဆိုပြီး ထပ် ရွေးလို့ရတယ်။ ဒါတွေက Free။ ဒါပေမယ့် ဖက်ထုပ်ထည့်မယ်ဆိုရင်တော့ ၇၀ဝကျပ် ထပ်ပေးရမယ်။
ပြီးတော့ Topping ထည့်မယ်။ သူတို့ Topping မှာ အီကြာကွေး၊ နံရိုးပေါင်း၊ ကြက်ပေါင်း၊ အသားလုံးပေါင်း၊ အသားလုံးကြော်၊ ဝက်ခေါက်ပေါင်း၊ ဝက်အူပေါင်း၊ ဆားငန်ဘဲဥ၊ ဖက်ထုပ် အစရှိတာတွေကို ထပ်ဖြည့်လို့ရတယ်။ အနည်းဆုံး ၃၀ဝကျပ် ကနေ စပြီး ၁၅၀ဝ ကျပ် အထိရှိတယ်။
ကျွန်တော်တို့က ကော်ရည် + ဂျုံခေါက်ဆွဲလုံး + ကြက်ပေါင်း ဆိုပြီး မှာလိုက်တယ်။
ကော်ရည်ဆိုပြီး အရမ်းပျစ်အီနေတာမျိုးမဟုတ်ဘူး။ အချိုအပူ အရသာ အရမ်းတည့်တယ်လို့ ပြောရမယ်။ သူ့ရဲ့ ငါးပိထောင်းကလည်း အသက်ပဲ။ မြန်မာတွေအကြိုက် လေးလေးပင်ပင်နဲ့ ချိုတဲ့ အရသာကို အပြည့်အဝရတယ်လို့ ဆိုရမယ်။
ရှုးရှဲသင်္ဘောသီးထောင်းသုပ် (၁၅၀ဝ ကျပ်)

သူကတော့ ကော်ရည်နဲ့ တွဲစားရတယ်လို့ပြောတယ်။
ကျွန်တော်တို့ကတော့ အတွဲအစပ်ကိုမသိဘဲ သင်္ဘောသီးထောင်းကို နောက်ဆုံးမှ စားလိုက်တော့ ရှုးရှဲနေအောင် စပ်တော့တာပဲ။
ဖက်ထုပ်ပီဇာ (၂၀ဝ၀ ကျပ်)

အကြိုက်ဆုံးတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ ဖက်ထုပ်ဆိုင်တော်တော်များများက အသားနည်းနည်းနဲ့ အရွက်များများထည့်တတ်ကြတယ်။ အဲ့ဒီလိုဆိုင်တွေနဲ့ ကြုံရတိုင်း ဂျင်းထည့်ခံရသလို ခံစားရတယ်။
NooDi ကတော့ ကျွန်တော်တို့ လိုချင်တဲ့ ခံစားချက်မျိုးကို အပြည့်အဝပေးနိုင်ခဲ့တယ်။ ဖက်ထုပ် ၁၀ ခုပါတယ်။ အရွက်နည်းနည်းနဲ့ အသားများများ…။ ကျွန်တော်တို့ အားလုံးက ပေးရတာထက် ပိုတန်တဲ့အရာမျိုးကိုလိုအပ်ကြတယ်။ ဒါကို ဒီ ဖက်ထုပ်ပီဇာက ဖြည့်စည်းပေးနိုင်တယ်။
ဝက်ခြေထောက်စွပ်ပြုတ် (၂,၅၀ဝ ကျပ်) ၊ ဝက်ပသျူးသုတ် (၂,ဝ၀ဝ ကျပ်)

ကျွန်တော်တို့ သွားစားတဲ့အချိန်တုန်းက ဒီ Menu နှစ်ခုဟာ စမ်းသပ်နေတုန်းအဆင့်မှာပဲရှိနေသေးတယ်။
ပုံမှန် အရသာပုံစံမျိုးပါပဲ၊ တစ်ခုသဘောကျတာက ချိုပေမယ့် အချိုမှုန့် အရသာမရတာပဲ။ ဒီတစ်ခုတော့ တော်တော် အားရတယ် လို့ပြောရမယ်။

လက်ရှိမှာတော့ ကြည့်မြင်တိုင်နဲ့ တာမွေမှာ ၂ဆိုင်ဖွင့်ထားတယ်လို့သိရတယ်။ သင်တို့ကို လည်း တစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်စေချင်ပါတယ်။ တကယ်ကို ပေးရတာထက် တန်တဲ့ ခံစားချက်မျိုးဖြစ်စေမှာပါ။
By : Theingi Kyaw
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

