2019.10.24TRAVEL
မိုင်းယောက်ဝှေ (ခေါ်) ညောင်ရွှေမြို့လေးဆီသို့🍁🌼
Coffee House by Pleasant garden
ညောင်ရွှေဆိုရင် အကုန်လုံးကအင်းလေးကန်ကြီးကိုပဲ ပြေးမြင်မိကြမှာပါ။
မဟုတ်ဖူးနော် ညောင်ရွှေမှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေ
သိပ်လှတဲ့နေရာတွေအများကြီးရှိသေးတယ်နော့်။ အများစုက
အင်းလေးကန်လောက်ပဲလည်ပတ်ပြီး ကလောနဲ့ တောင်ကြီးကြားက ညောင်ရွှေမြို့လေးကို
ကျော်ကျော်သွားကြတာများတယ်လေ 🤔
သုံးဘီးလေးစီးပြီး သူငယ်ချင်းတွေနဲ့အတူ ညောင်ရွှေကိုတစ်ခေါက်လောင်တော့ သွားလည်သင့်ပါတယ်နော်။
ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ခရီးတူတူထွက်ရတာလောက် ဘဝမှာပျော်ဖို့ကောင်းတာမရှိဘူး။
ကဲ ညောင်ရွှေမှာဘယ်တွေလည်ကြမလဲ?
••••••••••••••••••••••••••••••••••••
🌺 အင်းလေးကန်
ဒါကတော့ညောင်ရွှေရောက်ရင်လူတိုင်းသွားကြတဲ့နေရာပေါ့။ ထွေထွေထူးထူးတောင်ပြောစရာမလိုပါဘူး။ လှေငှားပီး အင်းထဲကိုအစုံလိုက်ပို့ပေးပါတယ်။ သဒ္ဓါတို့တုန်းကတော့ လှေတစ်စီးကို နှစ်သောင်းပဲပေးရပါတယ်။ မိုင်းသောက်တံတားလဲပါတယ်။အစုံလိုက်ပို့ပေးပါတယ်။

🌺 ညောင်ရွှေဟော်နန်း
ညောင်ရွှေဟော်နန်းကတော့ စော်ဘွားကြီး စဝ်ဆိုင်ဖလက်ထက်မှနေပြီး စော်ဘွားကြီး စပ်ရွှေသိုက်ထက်ထက်အထိ နှစ်ပေါင်း (၆၀၀)တိုင် ရှမ်းစော်ဘွားမျိုးနွယ်ပေါင်း (၃၃) ဆက်အထိအုပ်ချုပ်ခဲ့ရာနေရာတစ်ခုဖြစ်ပါတယ်။ ညောင်ရွှေရောက်ရင်တော့ မသွားမဖြစ် သွားလည်သင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။





🌺 မင်္ဂလာစျေး
ညောင်ရွှေမြို့ရဲ့မင်္ဂလာစျေးကတော့ မသွားမဖြစ်ပါနော်။ ဒေသအစားအစာလေးတွေလဲစျေးထဲမှာ စိတ်ကြိုက်စားလို့ရပါတယ်။ စျေးနေ့နဲ့တိုးရင်တော့ အသီးအနှံင်္တေ အစားသောက်တွေ တန်မှတန်ပဲ😍 သဒ္ဓါတို့ကတော့ ညောင်ရွှေစျေးနေ့နဲ့တိုးလို့ လက်ဆောင်တွေရော အကြော်အလှော်တွေရော ဝယ်ချလာပလိုက်တယ်လေ။




🌺Coffee House by pleasant garden
ညောင်ရွှေရဲ့ Instagram place လို့ပြောရမယ်။ ဘာလီလိုမျိူးငှက်သိုက်ပုံစံ ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာလေးလဲရှိတယ်။ View ကလဲရှယ်မိုက်။ ကော်ဖီလေးတစ်ခွက်နဲ့ ချစ်ရသူလေးနဲ့ဆိုရင်တော့ နိဗ္ဗာန်ပဲပေါ့။
🥴ကိုယ်တွေကတော့ သူငယ်ချင်းသုံးယောက် ဓာတ်ဖမ်းရင်းနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်။





🌺Inle Horse Club 🐎
ကော်ဖီဆိုင်လေးရဲ့အောက်နားလေးမှာပဲ။ မြင်းလေးစီးပြီးဓာတ်ဖမ်းလို့လဲရတယ်။ မြင်းစီးတာက Package အမျိုးအမျိုးရှိတယ်။ နောက်ထပ်ကော်ဖီဆိုက်လေးတစ်ဆိုင်လဲရှိသေးတယ်။

🌺 မိုင်းသောက်တံတား
အင်းလေးရဲ့ ဦးပိန်လို့တင်စားပြီးခေါ်ကြတယ်။ မိုင်းသောက်ကတော့ မသွားမဖြစ်ပေါ့။ သံယောဇဉ်တံတားလို့လဲခေါ်ကြသေးတယ်တဲ့။

🌺 မိုင်းသောက် Forest Monastery
အင်းလေး View point လို့လဲခေါ်ကြတယ်။ အဲ့မှာဆိုလူရှင်းတယ်။ တောင်ပေါ်မှာပဲ မိုင်းသောက်သွားတဲ့လမ်းမှာ။ တောအုပ်လေးထဲမှာ လင့်စင်လေးတစ်ခုလုပ်ထားပေးတယ်။ အဲ့ကနေ အင်းလေးကန်ကြီးကို အပေါ်စီးကနေမြင်ရတာပေါ့ 😍




🌺 လယ်တောအိမ်
ခုနောက်ပိုင်းအရမ်းကိုခေတ်စားလာတဲ့နေရာလေးပေါ့။ လယ်တောအိမ်ဆိုတဲ့အတိုင်းပဲ ဝါးလေးတွေနဲ့ဆောက်ထားတာ ချစ်စရာလေး ဆိုင်အပြင်အဆင်လေးက။ အဲ့မှာရှမ်းစာတွေအစုံရတယ်။ ညနေစောင်းသွားရင် ဓာတ်ဖမ်းလို့လဲရှယ်ကောင်းပေါ့🥰






🌺 Red Mountain ဝိုင်ခြံ
ညောင်ရွှေနဲ့ red mountain ဆိုတာခွဲလို့မရပါဘူး။ ညနေစောင်း sunset လေးကြည့် ဝိုင်လေးမော့ရင်း ဘဝရဲ့အရသာကိုခံစားလို့ရတဲ့နေရာလေးပေါ့။ ဝိုင်ကလဲ set အလိုက် မြည်းလို့ရတယ်။ set တစ်ခုကို ၅၀၀၀ ပဲပေးရတယ်။ ၄ခွက်တောင်ပါတယ်။ ဝိုင်လေးသောက် ရှုခင်းလေးကြည့် မိုက်စ် 🤩








🌺 Tofu Palace မုန့်ရွာ
ခေါင်တိုင်ဖက်အခြမ်းမှာရှိတဲ့ နာမည်ကျော် မုန့်ရွာကြီးပေါ့။ အိမ်တိုင်းနီးပါး တို့ဖူးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတယ်။ အားလူးကြော်၊ နေကြာစေ့၊ ပဲလှော်၊ တို့ဖူးကြော် အမလေးစားပါလိမ့်။တန်မှတန်ပဲ။ သူတို့မုန့်လုပ်ငန်းကိုလဲလေ့လာလို့ရတယ်။ အဲ့ရွာလေးကတော့ Foodies တွေအတွက်ရှယ်ပဲ။ Must go 🤩





🌺 ခေါင်တိုင်ရေပူစမ်း
ညနေဖက်သွားရင်ပိုအဆင်ပြေပါတယ်။ သီးသန့်ရေစိမ်ကန်တွေလဲရှိတယ်။ စျေးလဲ ၁ သောင်းဝန်းကျင်ပဲ။ တစ်နေကုန်ပင်ပန်းထားသမျှရေပူစမ်းမှာ ရေလေးစိမ်ပြီး အညောင်းညာဖြေလို့ရပါတယ်။


🌺 ဟူပင်ဟိုတယ် view point
ခေါင်တိုင်အပြန်လမ်းမှာပဲ လမ်းကြုံရင်ဝင်ပီး ဓာတ်ဖမ်းခဲ့လို့ရတယ်လေ။ ရေပေါ်မှာဆောက်ထားတဲ့ ဟူပင်ဟိုတယ်ကြီးနောက်ခံနဲ့ တောင်ကုန်းလေးပေါ်က ဓာတ်ပုံရိုက်လို့သိပ်လှ။ နှစ်၁၀၀ နီးပါးသက်တမ်းရှိတဲ့ ဟူပင်စားသောက်ဆိုင်ကြီးလဲရှိတော့ ဗိုက်ဆာရင်ဝင်စားလို့ရသေး 🤗

🌺 Baobabed Hostel
သဒ္ဓါတို့သူငယ်ချင်းတွေနဲ့နေခဲ့တဲ့နေရာလေးပါ။ Hostel ဆိုတော့ ဘက်ဂျက်လဲသက်သာတယ်။ပြီးတော့ Jacuzzi၊ Rooftop Bar၊ Snooker၊ Cafe အကုန်ရှိတယ်နော်။ တိုက်ကလဲအမြင့်ဆိုတော့ အပေါ်ဆုံးထပ်ကနေ ညောင်ရွှေတစ်မြို့လုံးကိုမြင်ရသေးတယ်။ စျေးကလဲ ၁၂၀၀၀ ဝန်းကျင်ပဲ Solo သမားတွေအတွက်အရမ်းကိုအဆင်ပြေတဲ့ Hostel လေးတစ်ခုပါ။


ညောင်ရွှေ Night Life 🍻🥂🍾
ညောင်ရွှေမြို့ဆိုတာ အိမ်ထက် Bar ပေါတဲ့မြို့လို့တောင်တင်စားခေါ်ကြတယ်။ နေရာတိုင်းမှာအမိုက်စား Bar တွေကြီးပဲလေ။ ညောင်ရွှေမြို့ရဲ့ Night life ကို ဘားတွေမှာအချိန်ဖြုန်းပြီး ကောင်းကောင်းကြီး ခံစားလို့ရတယ်လေ။ သဒ္ဓါတို့ကတော့ Ginki Bar နဲ့ Pub ASIATICOဆိုတဲ့ ဘားနှစ်ခုရောက်ခဲ့တယ်။ အပြင်အဆင်လေးတွေကရန်ကုန်နဲ့မတူဘူး။ ဓာတ်ပုံရိုက်ချင်စရာနေရာလေးတွေကြီးပဲ။ ပီးတော့ Hostel ကလဲ Bar Discount cupon တွေပေးလိုက်တော့ ပျော်ပျော်ကြီးပဲလေ ဟီးး 😁 ညောင်ရွှေရောက်ရင်တော့ ဘားတွေပတ်ထိုင်ကြည့်ပါ။




အဆုံးထိကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
တခြားလည်ပတ်စရာနေရာတွေလဲအများကြီးကျန်ပါသေးတယ်။
ရွှေရန်ပြေစာသင်တိုက်
ညောင်ရွှေမြို့ဦးစေတီ
ရတနာမာန်အောင်ဘုရား
MOT cafe
Tree House restaurant စတဲ့နေရာတွေလဲရှိပါသေးတယ်။ သဒ္ဓါတို့ကတော့အချိန်ရတာနဲလို့အထင်ကရနေရာတွေပဲသွားလည်ဖြစ်ခဲ့ပါတယ်။
ညောင်ရွှေကိုဘယ်လိုသွားမလဲ? 🚌🚘
ရန်ကုန်ကနေဆို တောင်ကြီးကားစီးပြီး ညောင်ရွှေမှာဆင်းလို့ရပါတယ်။ express ယာဉ်လိုင်းတော်တော်မျာများရှိပါတယ်။ ရိုးရိုးကား၊ အထူးကားမျိုးစုံရှိတာပေါ့ ကိုယ်အဆင်ပြေတဲ့ Budget ပေါ်မူတည်ပြီးသွားလို့ရပါတယ်။
တည်းဖို့ခိုဖို့ 🏨
ဟိုတယ်တွေ Guest house, Hostel တွေပေါတဲ့မြို့ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ ကိုယ့်Budget ပေါ်မူတည်ပြီးစိတ်ကြိုက်ရွေးချယ်တည်းနိုင်ပါတယ်။ ၃ သောင်းပတ်ချာလည်ဆို ဟိုတည်ကောင်းကောင်းရပါတယ်။အင်းထဲမှာလဲ Luxury Hotel တွေအများကြီရှိတဲ့အတွက် နေဖို့ကတော့ အများကြီးမပြောတေည့ပါဘူးနော်။ သဒ္ဓါတို့ကတော့ Hostel vibe ကိုလိုချင်တာဖြစ်တဲ့အတွက် Baobabed Hostel မှာတည်းခဲ့ပါတယ်။ တစ်ဦးကို ၁၂၀၀၀- ၁၃၀၀၀ ကျပ်ပဲကျပါတယ်။ မနက်စာလဲပါပါတယ်။
လည်ဖို့ပတ်ဖို့ 🚘🚲
Foreigner အများစုကတော့ ညောင်ရွှေကို Bicycle tour လုပ်ပြီး စက်ဘီးနဲ့ပတ်ကျပါတယ်။ Baobabed Hostel ကစက်ဘီးFreeပေးပါတယ်။စက်ဘီးမနင်းနိုင်ရင်တော်အဆင်မပြေပါဘူး။ စက်ဘီးမနင်းနိုင်တဲ့လုတွေအတွက် Budget ဆိုရင် သုံးဘီးနဲ့လည်လို့ရပါတယ်။ သဒ္ဓါသွားထားတဲ့နေရာအကုန်ဆို ၃သောင်းဝန်းကျင်ပဲကျပါတယ်။ အကုန်လိူက်ပို့ပါတယ်။ စျေးနားမှာ သုံးဘီးသမားတွေအများကြီးရှိပါတယ်။
ကဲ အဲ့လောက်ဆို ကိုယ့်အစီစဉ်နဲ့ကို ညောင်ရွှေကိုလည်လို့ရပြီထင်ပါတယ်။ ကိုယ့်သူငယ်ချင်းနဲ့အတူ ညောင်ရွှေတူတူလည်ဖို့ Mentions တွေခေါ်လိုက်ကြရအောင် 🥰🥰🥰
အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လိုရာခရီးကိုပျော်ပျော်ရွှင်ရွှင်သွားနိုင်ကြပါစေရှင် ❤️
Baobabed Hostel Review •••••••••••••••••••••••••••
https://www.facebook.com/648027725593501/posts/849850872077851?sfns=mo
#TDTravelNotes #NyaungShwe #Baobabed
#Travelholic #Shanstate
#Myanmar #TDinnyaungshwe
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

