fb_icon

bnr_tob_1

2019.07.26FEATURE

အွန်လိုင်းယဉ်ကျေးမှုထဲက သုခရိပ်မြုံ

လူအများစုက လူမှု ကွန်ရက်ကို သတင်းစီးဆင်းရာ နေရာ၊တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ရာ၊ ထုတ်ကုန်အသစ်တွေ မိတ်ဆက်ရာ၊အသိပညာဖလှယ်ရာ၊ သတင်းစကားတွေ ပြန့်ပွားရာ နေရာဆိုတဲ့အွန် လိုင်းယဉ်ကျေးမှုတွေအတွက်အသုံးဝင်တယ်လို့ပဲ မှတ်ယူကြမှာ ပါ။ ဒါပေမဲ့ အွန်လိုင်းယဉ်ကျေးမှု အဝန်းအဝိုင်းမှာ နောက်ထပ် ခေါင်းစဉ်တစ်ခု ထပ်ဖြည့်ဖို့ အချိန် ရောက်လာပါပြီ။ အဲဒါကတော့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ချစ်မြတ်နိုး သူတွေရဲ့ သုခရိပ်မြုံဆိုတာပါပဲ။

သတင်းမီဒီယာတွေရဲ့ တရားဝင် စာမျက်နှာတွေ၊ ထုတ်ကုန်တွေရဲ့ ကြော်ငြာစာမျက်နှာတွေနဲ့ သင် တန်းကျောင်း မိတ်ဆက်စာမျက် နှာတွေကြားထဲမှာ ရုပ်ရှင်၊ ဗီဒီယို တွေကိုတင်ပေးနေတဲ့ မြန်မာလူမှု ကွန်ရက်စာမျက်နှာတွေက အား ပေးထောက်ခံသူ အခိုင်အမာနဲ့ နေရာယူလာပါတယ်။ အဖွဲ့ဝင် (Member) သိန်းချီနဲ့ ကြိုက်နှစ်သက်သူ၊ Like လုပ်သူ အနည်းဆုံး သုံးသောင်းမှ ငါးသောင်း ကြားအထိ ပိုင်ဆိုင်ထားပါတယ်။ တချို့စာမျက်နှာတွေဆိုရင် လက်ရှိ လူသိများစ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေထက်တောင် အား ပေးသူ များနေတတ်ပါသေး တယ်။

ဒီလူမှုကွန်ရက်စာမျက်နှာ တွေထဲက တချို့က နိုင်ငံတကာ က လွှင့်တဲ့ ရုပ်ရှင်တွေနဲ့ စီးရီး တွေကို ကိုယ်တိုင်ဘာသာပြန်ပြီး အလကားဖြန့်ဝေပါတယ်။ တချို့ ကတော့ ဘာသာပြန်ပေ့ချ်တွေက တင်ထားတဲ့ ရုပ်ရှင်စီးရီးတွေရဲ့ Link တွေကို ပြန်လည်စုစည်းပေး ပြီးတော့ တင်ပါတယ်။

တစ်ရက်ကို ရုပ်ရှင်စီးရီးတစ် ခုခုရဲ့ အပိုင်းသစ် အနည်းဆုံး သုံးပိုင်းခန့် တင်ပေးနေပြီးတော့ ယခင့်ယခင် ထွက်ရှိခဲ့တဲ့ ရုပ်ရှင်၊ လတ်တလော ရေပန်းစားနေတဲ့ ဇာတ်ကားမှသည် သူတို့စာ မျက်နှာရဲ့ အမာခံပရိသတ်တွေရဲ့ တောင်းဆိုချက်တွေကို နေ့စဉ် ဖြည့်ဆည်းပေးနေပါတယ်။ ကိုယ် ကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ အမည်တစ်ခုကိုသာ ရိုက်နှိပ်ရှာ ကြည့်လိုက်ပါ။ ဝါသနာတူ အွန် လိုင်းရုပ်ရှင်ကြည့်သူတွေက ကူညီ ပြီးလည်း ရှာပေးကြပါတယ်။

လက်ရှိမှာ ရုပ်သံစီးရီးတွေ ကို လတ်တလော စတင်ကြည့်ရှု သူပဲဖြစ်ဖြစ်၊ ယခင်ကတည်းက ကြည့်လေ့ကြည့်ထရှိသူပဲဖြစ်ဖြစ် နိုင်ငံတကာ ရုပ်သံစီးရီးတွေကို ခင်တွယ်မှု၊ ကြိုက်နှစ်သက်မှုက ပိုပိုတိုးနေပါပြီ။

ဒါကြောင့် သင်ဟာ ရုပ်ရှင် ချစ်သူတစ်ယောက်ဖြစ်ပြီး အထူး သဖြင့် ကိုရီးယား၊ ထိုင်း၊ တရုတ် ရုပ်သံစီးရီးတွေကို ကြည့်ရှုရတာ နှစ်သက်တဲ့သူဆိုရင်တော့ လူမှု ကွန်ရက်ဟာ သင့်အတွက် အ ကောင်းဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်နေမယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။ သို့သော် လည်း လူမှုကွန်ရက်နဲ့ ဆက်နွှယ် တဲ့ လုပ်ငန်းတိုင်း စိန်ခေါ်မှုတွေ ရှိသလို ဒီလိုအွန်လိုင်းရုပ်သံစီးရီး ဖြန့်ဝေမှုတွေမှာလည်း အကောင်း နဲ့ အဆိုး သက်ရောက်မှုတွေ ဒွန်တွဲရှိနေတာကတော့ အသေအချာ ပါပဲ။

အခမဲ့ကြည့်လို့ရတယ်

ဟုတ်ကဲ့ ။ ပထမဆုံးအချက် ကတော့ ကောင်းတဲ့အချက်ပါ။ အဲဒါကတော့ အခမဲ့ကြည့်ရ တာပါ။ လူမှုကွန်ရက်က အွန်လိုင်းက ဝေငှနေတဲ့ ဖိုင်တွေကို မြန်မာလို တစ်ဖုံ၊ အင်္ဂလိပ်လို တစ်မျိုး အမည်မှည့်ထားတဲ့ ကိုရီးယား၊ တရုတ်၊ ထိုင်း ရုပ်သံစီးရီးတွေ အခမဲ့ တင်ပေးတဲ့ နေရာတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်တာပါ။ အခု ခေတ်စားနေတဲ့ တယ်လီဖုန်းအော် ပရေတာတွေထဲကမှ ကြိုက်တာတစ်ခုခုရဲ့ အကောင်းဆုံး၊ အလန်းဆုံး ဒေတာ Package ကို ဝယ်ထားပြီး ကြည့်ရင် ပိုတန်ပါလိမ့် မယ်။

ကိုယ်ကြည့်ချင်တဲ့ ကားကို မင်းသားနာမည်၊ မင်းသမီးနာ မည်၊ ဒါမှမဟုတ် ဇာတ်ဝင်ခန်း လေးတစ်ခု၊ နှစ်ခု အစဖော်ပေး လိုက်ရုံနဲ့ အဲဒီလူမှုကွန်ရက်စာ မျက်နှာကိိုင်တွယ်တဲ့ သူက ကူပြီး ရှာဖွေပေးပါလိမ့်မယ်။ သူမအား ရင်တောင် ဘဝတူအွန်လိုင်းရုပ် ရှင်ကြည့်ရှုသူတွေက ကူပြီး ရှာ ပေးပါလိမ့်မယ်။

အွန်လိုင်းပေါ်မှာ အချိန်တွေ

ကုန်နိုင်တယ်

ဒုတိယအချက်ကတော့ နည်းနည်းမေးခွန်းထုတ်စရာတွေ ပါလာပါပြီ။ ကိုယ်တွေ့ကြုံတာနဲ့ ပြောပြရရင် တက္ကသိုလ်တက်နေ တဲ့ တူမနဲ့ သူတို့ သူငယ်ချင်းတွေ တစ်နေ့ တစ်နေ့ အွန်လိုင်းပေါ် အချိန်ပေးလုပ်တာက ကိုရီးယား ကားကြည့်တာပါတဲ့။ ရုပ်ရှင်ဘာ သာပြန် စာမျက်နှာတွေကနေ ကိုရီးယားရုပ်သံစီးရီးတွေကို သူတို့ အွန်လိုင်းကနေ ကြည့်ပါတယ်။ တူမလေးဆိုရင် သူကိုယ်တိုင် အမြဲကြည့်ဖြစ်နေတဲ့ ကိုရီးယား စီးရီး အခမဲ့ဖြန့်ဝေရာ စာမျက်နှာ ငါးခုအထိ ရှိနေပါတယ်။

ဟုတ်ကဲ့… ရုပ်သံစီးရီးများ က ကြည့်လေ ဆွဲဆောင်မှုရှိလေ ဆိုရင် ဖုန်းနဲ့ မျက်နှာ မခွာမိအောင် ကို အပိုင်းသစ်တိုင်းကို စောင့်ကြည့်ဖြစ်နေမှာပါ။ တူမလေးက တော့ သူ့ရဲ့ တခြားအကြောင်း ကြောင့်မပါဘဲ အွန်လိုင်းက ကိုရီးယားရုပ်ရှင်စီးရီးတွေကို ကြည့်ရှုတဲ့ အချိန်ဟာ တစ်နေ့ကို လေးနာရီနဲ့ အထက်ရှိပါတယ်။ ဟုတ်ကဲ့… တူမလေးကို တီးခေါက်ကြည့်သ လောက်တော့ သူ့သူငယ်ချင်းတွေ လည်း အွန်လိုင်းကပဲ ထိုင်းရုပ်သံ စီးရီးများကို ကြည့်ရှုပါတယ်တဲ့။ အွန်လိုင်းက ရုပ်ရှင် အလကား ကြည့်လို့ရလို့ ကျေနပ်ဖွယ်ရာဆို ပေမယ့် အချိန်ပြည့် အွန်လိုင်းမှာ ရှိနေမိတာကတော့ လူငယ်တွေ အတွက် ကောင်းတဲ့ လက္ခဏာလို့ မထင်ပါဘူး။

စိုးရိမ်စရာ မူပိုင်ခွင့်

အွန်လိုင်းရုပ်သံစီးရီး ဖြန့်ဝေ မှုနဲ့ ပတ်သက်လို့ တတိယတစ် ချက်အနေနဲ့ စဉ်းစားမိတာက တော့ မူပိုင်ခွင့်ပြဿနာပါ။ ယခု အွန်လိုင်းရုပ်သံစီးရီးဖြန့်ဝေမှုဟာ မြန်မာနိုင်ငံမှာ ကျင့်သားရနေပြီ ဖြစ်တဲ့ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာ ကို ဆက်ခံထားသလို ဖြစ်နေပါ တယ်။

ဘာကြောင့်ဆို ရုပ်သံစီးရီး တွေကို ဖြန့်ဝေနေတဲ့ လူမှုကွန် ရက်စာမျက်နှာတွေရဲ့ သက်တမ်းဟာလည်း မူပိုင်ခွင့်လို့ ခေါ်တဲ့ (Copy Right) ငြိမိပြီဆိုတာနဲ့ အဆုံးသတ်ပြီး ပျောက်ခြင်းမလှ ပျောက်သွားတတ်ပါတယ်။ ပြီးရင် တော့ တခြားသော ခေတ်ဆန်တဲ့ နာမည်တစ်ခုနဲ့ ပြန်ပေါ်လာပြီး အဖွဲ့ဝင်အသစ်တွေနဲ့ ဆက်လက် လှုပ်ရှားလေ့ရှိပါတယ်။

တခြားသော အာရှနိုင်ငံတွေ မှာ ဘယ်လိုဥပဒေတွေရှိလဲ မသိ ပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံ မှာတော့ ရုပ်ရှင်မူပိုင်ခွင့်လို့ ဆို လိုက်ရင် အငြင်းအခုံတွေနဲ့ ဝိဝါဒ ကွဲပြားနေဆဲပါ။ လမ်းဘေးဈေး သည်များထံ ခိုးကူးခွေများ ပျံ့နှံ့ခြင်းမှသည် အနုပညာလောက မှာ မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ရှိခဲ့တဲ့ အငြင်းပွားမှုဟာ မြန်မာ့ ရုပ်ရှင်လောကအတွက်တော့ မဆန်းပါဘူး။

ဒါကြောင့် အွန်လိုင်းက ရုပ် သံတွေ အခမဲ့ ဝေငှမှုတွေဟာ အဆိုးဘက်က ကြည့်ရင်တော့ မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ မေး ခွန်းထုတ်စရာတွေ ရှိနေဦးမှာ ပါ။ အထူးသဖြင့် ရုပ်ရှင်ချစ်သူ တွေဆီမှာ မူရင်းရုပ်ရှင်အခွေကို သာ ကြည့်ချင်တယ်ဆိုတဲ့ မူပိုင် ခွင့်လေးစားတဲ့ ယဉ်ကျေးမှုတစ် ရပ် မပျောက်ကွယ်စေချင်ပါဘူး။

ကျွန်မတို့ငယ်ငယ်တုန်းက အခုလို ရုပ်သံလိုင်းတွေ ခေတ်မစားခင်မှာ နိုင်ငံပိုင် ရုပ်သံလိုင်းနှစ်ခုဟာ ကျွန်မတို့ အချစ်တော်တွေ ဖြစ်ခဲ့ပါ တယ်။ အထူးသဖြင့် ည ၇ နာရီ ကိုရီးယားနဲ့ တရုတ်ရုပ်ရှင်စီးရီး ထုတ်လွှင့်ချိန်ပါ။

တစ်ပတ်ကို နှစ်ပိုင်းလာတဲ့ ရုပ်ရှင်စီးရီးတွေကို စောင့်ကြည့်ရ တာကိုက သိပ်ကို ကြည်နူးဖွယ် ကောင်းတဲ့ အခိုက်အတန့်တွေဖြစ် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လွှင့်ခဲ့တဲ့ နောက်ဆုံးဇာတ်ဝင်ခန်း ကို နောက်တစ်ပတ် ထုတ်လွှင့် ချိန်မှာ ပြန်မှတ်မိနိုင်လောက် အောင် မဟာမှတ်ဉာဏ်တွေ လည်း ရှိခဲ့ဖူးပါတယ်။ ဒါဟာ ကျွန်မတို့ငယ်ငယ်က ကိုရီးယားနဲ့ တရုတ် ရုပ်ရှင်စွဲလမ်းမှုတွေပါ။ အခုအချိန် မှာတော့ ဒီယဉ်ကျေးမှု ပျောက်ကွယ်ခဲ့ပါပြီ။ ကျန်ရှိမယ်ဆိုလည်း သက်ကြီးပိုင်း ပုဂ္ဂိုလ်တချို့ဆီမှာပဲ ရှိနေလိမ့်ဦးမယ်လို့ ထင်ပါတယ်။

ကျွန်မတို့နိုင်ငံအနေနဲ့လည်း ကြိုးစားအားထုတ်မှုတွေ ရှိနေပါ တယ်။ ရုပ်သံတွေကနေ တစ်ဆင့် မြန်မာ့ဖန်တီးမှု ရုပ်ရှင်စီးရီးများစွာ ထုတ်လွှင့်နေပြီဖြစ်ပြီး တချို့ လည်း ပရိသတ် သတိထားမိ လောက်အောင် အောင်မြင်ခဲ့တာ တွေ မြင်တွေ့ရပါတယ်။ သို့သော် ငြားလည်း အားမနာတမ်းသုံးသပ် ရရင် ကိုရီးယား၊ ထိုင်းနဲ့ တရုတ်ရုပ်သံစီးရီး ကြိုက်နှစ်သက်သူများ ကို မြန်မာရုပ်သံစီးရီးပရိသတ် တွေဖြစ်လာအောင် ဆွဲဆောင်နိုင် ဖို့တော့ အတော်ကို လုံးပန်းရဦး မယ်လို့ မြင်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်ကို တဖြည်းဖြည်း ပြောင်းလဲလာတာ နဲ့အမျှ အွန်လိုင်းယဉ်ကျေးမှုကို ကျွန်မတို့ လက်ခံလာရမှာပါပဲ။ ဒါပေမဲ့ ဒီရေစီးကြောင်းပေါ်မှာ လျှောက်တဲ့ ကာလတစ်လျှောက် မှာ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ ဟန်ချက် ညီညီ လုပ်နိုင်ရင် အားလုံးအတွက် ကောင်းမှာပါ။ ရုပ်ရှင်ချစ်သူတွေ ရဲ့ အွန်လိုင်းသုခရိပ်မြုံလေးလည်း မပျက်စီးစေလိုပါ။ ဟုတ်ကဲ့။ စာရေးသူ ကျွန်မသည်လည်း နိုင်ငံတကာ ရုပ်သံစီးရီး ချစ်မြတ်နိုးသူ တစ်ယောက်ပါရှင်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img