2019.10.22LIFE&TREND
Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
ဝဝပြည့်ပြည့်လေးတွေကို ချစ်ပါ ပြည့်ပြည့်ဝဝ ပြန်အချစ်ခံရပါမယ်တဲ့ ဟုတ်ပါပြီ ချစ်စရာ ဖက်တီးပုတ်မလေးတွေက အမြဲစိတ်ချမ်းသာနေတတ်ပေမယ့် အဝတ်အစားဝယ်တဲ့ အချိန်မှာတော့ အတော်လေးစိတ်ညစ်ရပါတယ်။ လူကောင် ထွားထွားတွေအတွက် အာရှနိုင်ငံတွေမှာ ဆိုဒ် က သိပ်မလာတဲ့အတွက် အဝတ်အစားဝယ်ဖို့တောင်တကူးတက မှာရစောင့်ရတာတွေကလည်း ဒုက္ခပါပဲနော်။ ကမ္ဘာဂြိုဟ် မှာမို့ Over Size ဖြစ်နေရတဲ့ နတ်သမီးလေးတွေအတွက် Fashion ကျကျ အမြဲလှနေဖို့ ခေါင်းမစားရအောင် ရန်ကုန်မြို့က Plus size fashion တွေအတွက် Instock ရနိုင်မယ့် ဆိုင်တွေကို ပြောပြပေးလိုက်ပါတယ်နော်။
1.Red Coral Plus Size Fashion Shop

လှည်းတန်း (၂)လမ်းမှာဖွင့်ထားတဲ့ Red Coral Plus Size Fashion Shop ကတော့ Plus size မမတို့ မသိတာရှားလှပါတယ်။ ချစ်စရာကောင်းတဲ့ ထသွားထလာပုံစံတွေကနေ ပွဲနေပွဲထိုင်တွေအထိ ရနိုင်ပါတယ်။ လှည်းတန်းလို အမြဲရောက်ဖြစ်နေတဲ့ နေရာမှာရှိနေတာမို့အရမ်းကို အဆင်ပြေပါတယ်။ Quality အမြင့် အိတ်တွေကိုလည်း ရနိုင်ပါသေးတယ်နော်။ Online Page ကနေမှာယူမယ်ဆိုရင်လည်း စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပြီး Customerr Service အရမ်းကို ကောင်းမွန်ပါတယ်။ Red Coral ရဲ့ အားသာချက်ကတော့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းတွေကို အထူးသင့်လျော်တဲ့ ဈေးနှုန်းနဲ့ ချုပ်ပေးတာပါ။ မြန်မာဝတ်စုံတွေ ဂါဝန်လှလှလေးတွေ ကို စိတ်တိုင်းကျ အပ်လို့ရပြီး စောင့်ရတဲ့ အချိန်ကလည်း မကြာတာကတော့ အားသာချက်ပါပါပဲ။ Red Coral Plus Size Fashion Shop လိပ်စာအပြည့်အစုံကတော့ – အမှတ် (၁၄) မြေညီထပ်၊ လှည်းတန်း (၂)လမ်း၊ ကမာရွတ်မြို့နယ် ၊ ဖုန်း -09953503330 (Viber) ဖြစ်ပါတယ်။
2.LUKU Fashion Shop

နောက်ဆုံး Update Plus Size Fashion Design တွေကို ဝယ်ယူနိုင်မယ့် LUKU Fashion Shop ပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ Plus Size ချောချောလေးတွေရဲ့ အသည်းစွဲ နေရာဆိုလည်းမမှားပါဖူး။ အထည် Quality အတွက်နဲ့ Plus size လေးတွေနဲ့ လိုက်ဖက်မှုမှာတော့ အကြွင်းမဲ့ ယုံကြည်လို့ရမယ့်ဆိုင်ဖြစ်ပါတယ်။ Page ကနေမှာယူမယ်ဆိုရင် ၃ ရက်အတွက်ကို အိမ်အရောက်ပို့ဆောင်ပေးပါသေးတယ်။ Plus size အထည်တွေရဲ့ Quality ကို အလေးထားပြီး ရောင်းချတဲ့ LUKU Fashion Shop Owner အမ (Wah Goon Pwint Phyu – Fb acc) ရဲ့ စေတနာတွေကြောင့် customer review တွေလည်း အင်မတန်ကောင်းပါတယ်။ LUKU Fashion Shop ရဲ့လိပ်စာကတော့ အမှတ်(၄၈)၊ အင်ကြင်းမြိုင် လမ်းသွယ် (၅)၊ သုဝဏ္ဏ ဗိုလ်ချုပ်ရွာ (၁)၊ သုဝဏ္ဏ ဘောလုံးကွင်းအနီး၊ ဖုန်း – 09769831416 ဖြစ်ပါတယ်။
3.Winter World

သက်တောင့် သက်သာဖြစ်ပြီး အသားကောင်းကောင်း Plus Size အထည်တွေအတွက်ဆိုရင်တော့ Winter World ကို ပြေးမြင်ရမှာပါ။ သက်လတ်ပိုင်းမမတွေရဲ့ အားပေးမှုကို ပိုမိုရရှိထားတဲ့ဆိုင်ကြီးတစ်ဆိုင်လည်းဖြစ်ပါတယ်။ BKK, China , Taiwan Made တွေအပြင် မြန်မာရိုးရာ Ready to wear လှလှလေးတွေကိုပါတယ်။ ရိုးရာအိတ် လှလှလေးတွေ ကိုဝယ်ယူနိုင်တာကလည်း Winter World ရဲ့ အသက်ပဲပေါ့နော်။ Winter World က အဝတ်အစားတွေမှာတော့ ချည်ထည်ဂါဝန်လှလှလေးတွေက ဒီဇိုင်းစုံလိုချင်ရလောက်အောင် မျက်စိကျစရာပါ။ ဆိုင်လိပ်စာလေးကတော့ – အမှတ်(၁၇/ဘီ)၊ အေးရိပ်မွန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ၊ ဖုန်း – 0977530226 ဖြစ်ပါတယ်။

4.Dolly Molly Clothing

ပွဲနေပွဲထိုင်ကစလို့ နေတိုင်း Fashion ကျကျဝတ်ချင်တဲ့ Plus Size လေးတွေအတွက်ကတော့ Dolly Molly Clothing ကအားကိုရာပါ။ ကိုယ်ပိုင် Design တွေနဲ့ ရပ်တည်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Regular Size ကနေပြီး Plus Size အထိကို ကိုယ်ပိုင်design တွေနဲ့ ချုပ်လုပ်ဖန်တီးပေးထားတဲ့ အနောက်တိုင်းဝတ်စုံတွေ၊ ပွဲနေပွဲထိုင်၊ Evening Dress၊ Wedding Gowns၊ မြန်မာဝတ်စုံတွေကိုပါရရှိနိ်ုင်ပါတယ်။ ဆိုင်မှာသွားဝယ်မယ်ဆိုရင်လည်း ကိုယ်တိုင်းနဲ့ ကွက်တိဖြစ်အောင်ကို Fitting ပြန်ချပြီး ဝန်ဆောင်မှုပေးပါသေးတယ်။ ဆိုင်လိပ်စာလေးကတော့ – အမှတ်(၈) မြေညီထပ် ၁၆၂ လမ်း၊ တာမွေမြို့နယ်၊ ဖုန်း – 095112395၊ 09965112395 မှာအားပေးနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့ ဆိုင် တွေကတော့ Instock ရရှိနိုင်ပြီး Online ကလည်းအလွယ်တကူရရှိနိုင်တဲ့ Plus Size ဆိုင်တွေဖြစ်ပါတယ်။ ရန်ကုန်မှာတခြား Plus Size ဆိုင်တွေအများအပြားလည်းှရှိပါသေးတယ်။ သို့သော် ဒီဆိုင်တွေရဲ့ အားသာချက်တွေကတော့ Quality ပိုင်းကို အထူးအလေးထားပြီး Customerများကို တန်ဖိုးထားဆက်ဆံတာကို တွေ့ရပါတယ်။ အောင်မြင်သူများရဲ့ လျှို့ဝှက်ချက်ဖြစ်နိုင်ပါတယ်။ ဆိုင်တွေရဲ့ပိုင်ရှင်တွေကိုယ်တိုင်ကလည်း အောင်မြင်တဲ့ အမျိုးသမီး လုပ်ငန်းရှင်တွေအဖြစ်ရပ်တည်လျက်ရှိပါတယ်။ အခုပြောပြပေးခဲ့တဲ့ ဆိုင်တွေကတော့ တကယ့် ကောင်းမွန်တဲ့ Feed Back တွေနဲ့ အခိုင်အမာရပ်တည်နေတဲ့ ဆိုင်တွေပဲဖြစ်ပါတယ်။ တစ်ချို့ဆိုင်တွေကို TT ကိုယ်တိုင်မဝယ်ဖူးပါဖူး ဒါပေမယ့် သူတို့ရဲ့ custormer တွေပြောကြားချက်နဲ့ ကိုယ်တိုင်မေးမြန်းစုံစမ်းကြည့်တဲ့ အခါတကယ့်ကို အဆင်ပြေတာမို့ ဝဝလှလှလေး ဖြစ်စေဖို့ Plus size တွေအတွက် ပြောပြပေးလိုက်တာဖြစ်ပါတယ်နော်။
TT #Plus_size #Plus_size_fashion_shop #RedCoral #LUKU #WinterWorld #DollyMolly
By : TT
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

