fb_icon

bnr_tob_1

2019.09.20FEATURE

လူတော် လူကောင်း (IQ, EQ, PQ, AQ, SQ, CQ)

လူကြီးမိဘဆရာသမားတွေကို ကန်တော့ကြရင် “ လူတော် လူကောင်း ဖြစ်ပါစေ” လို့ ဆုပေးတာကြားဖူးသလို ကိုယ်တိုင်လည်း ပြောဖူးလိမ့်မယ် ထင်ပါတယ်။ “ လူတော် လူကောင်း” ဖြစ်ဖို့လွယ်တယ်လို့ ထင်ပါသလား။ “ လူတော်” ရော၊ “ လူကောင်း” ရော ဖြစ်တဲ့လူတစ်ယောက် တွေ့ဖို့ဆိုတာ ရှိတော့ရှိတယ်၊ ရှားတယ် လို့ပြောရပါမယ်။ IQ (Intellectual Quotient) ကိုတော့ လူတော်တော်များများ သိပါတယ်။ IQ ကတော့ ဉာဏ်ရည်ထက်မြက်မှု၊ မှတ်ဉာဏ်အားကောင်းမှု နှင့် မျိုးရိုးပေါ်လည်း မူတည်ပါတယ်။ မြန်မာနိုင်ငံမှာတော့ IQ ကို တိုင်းတာတာမျိုး မရှိသေးပါဘူး။ နိုင်ငံတကာမှတော့ စစ်ဆေးမှုတွေ ရှိကြပါတယ်။ ဉာဏ်ရည်ကို 80% မှ 120% သတ်မှတ်ထားပြီး 80% အောက်ဆို ဉာဏ်ရည်နိမ့်တယ်၊ 120% အထက်ဆို ဉာဏ်ရည် အလွန်ကောင်းတယ်ဆိုတဲ့ ကိန်းဂဏန်း တိုင်းတာချက်တွေ ရှိကြပါတယ်။

အခုခေတ်နောက်ပိုင်းမှာတော့ လူတွေက IQ အပြင် EQ (Emotional Quotient) ကိုလည်း အလေးထားလာကြတာ တွေ့ရပါတယ်။ တကယ်တန်းကတော့ Quotient က IQ (intellectual Quotient), EQ (Emotional Quotient ), PQ (Physical Quotient ), AQ (Adversity Quotient ), SQ (Spiritual Quotient ), CQ (Creativity Quotient ) ဆိုပြီး (၆)မျိုး ရှိပါတယ်။ ထို (၆)မျိုး အကြောင်းကို နားလည်လွယ်အောင် အကျဉ်းချုံးပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။

(1) IQ (intellectual Quotient)

IQ ကတော့ အထက်မှာ ပြောခဲ့သလိုပဲ မျိုးရိုးနှင့်လည်း သက်ဆိုင်ပါတယ်။ မွေးရာပါ စွမ်းရည်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ သူများတွေနဲ့ မတူတဲ့ မှတ်မိနိုင်စွမ်းတွေ နားလည်သဘောပေါက်နိုင်စွမ်းတွေက သာမန်လူတွေထက် များစွာကွာခြားလွန်းပါတယ်။ သူများတွေလို ပင်ပင်ပန်းပန်း ကျက်မှတ်စရာမလိုဘဲ ထူးချွန်နေတတ်သူတွေ ပါရမီရှင်မျိုးတွေပါ။ ကိန်းဂဏန်းတွက်ချက်မှုတွေမှာတော့ သာမန်လူတွေနဲ့ တော်တော်ကို ကွာခြားကြောင်း ပိုပြီးထင်ရှားစေပါတယ်။

(2) EQ (Emotional Quotient )

EQ ကတော့ တော်တော်အရေးပါလှပါတယ်။ IQ ကောင်းတိုင်း EQ မကောင်းနိုင်သလို၊ EQ ကောင်းတိုင်းလည်း IQ မကောင်းနိုင်ပါဘူး။ IQ နဲ့ EQ (၂)မျိုးစလုံး ညီမျှတဲ့လူကတော့ ” လူတော် လူကောင်း ” ဖြစ်ပြီလို့ ဆိုနိုင်ပါတယ်။ EQ ကတော့ ရှင်းလင်းအောင် အရပ်စကားနှင့် ပြောရမယ်ဆိုလျှင်တော့ ကိုယ်ချင်းစာတရားရှိတယ်၊ စိတ်သဘောထားပြည့်ဝတယ် လို့ ယူဆလို့ရပါတယ်။ EQ ရှိတဲ့သူတွေကတော့ လူလောကမှာ ကြုံတွေ့ရမဲ့ လောကဓံတွေကို ယုတ္တိကျပြီး အကျိုးအကြောင်း မှန်ကန်စွာ ဖြေရှင်းနိုင်သူတွေ ဖြစ်တယ်။ ကိုယ်ခြေထောက်ပေါ်ကိုယ် ယုံကြည်ချက်အပြည့် ရှိကြတယ်။ သူတို့မှာ စိတ်ဓာတ်ကျတာတွေ၊ အားငယ်တာတွေ မရှိလောက်အောင်ကို စိတ်ခံစားချက် အားကောင်းသူတွေ ဖြစ်ပါတယ်။ လူအများနှင့်လည်း လိုက်လျောညီညွှတ်စွာ နေထိုင်နိုင်ကြပါတယ်။ အခွင့်အာဏာ၊ ဂုဏ်ပကာသန၊ စည်းစိမ်ဥစ္စာတွေကို မက်မောခြင်း မရှိတဲ့သူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနှင့် ပြည့်စုံတဲ့သူမျိုးတွေပါ။ အခုခေတ် အခြေအနေအရဆိုလျှင် EQ ရှိတဲ့သူတွေက မရှိသလောက် ရှားပါးနေလို့ မဖြစ်သင့်တဲ့အရာတွေကို မြင်နေ၊ ကြားနေရခြင်း ဖြစ်ပါတယ်။ EQ ကလည်း မွေးရာပါဖြစ်ပေမဲ့ ကြိုးစားတည်ဆောက်လို့ရတဲ့ ကိုယ်ကျင့်တရားတွေ ရှိပါတယ်။ EQ အားကောင်းတဲ့သူတွေကတော့ အထက်က အချက်တွေနှင့်ပြည့်စုံပေမဲ့ EQ ရှိတော့ရှိတယ် နည်းတဲ့သူတွေကတော့ တချို့အချက်လေးတွေမှာ တွေဝေတာ၊ တိမ်းစောင်းသွားတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လုံးဝမရှိတဲ့သူတွေထက်တော့ လူမှုပတ်ဝန်းကျင်ကို အများကြီး အကျိုးဖြစ်စေပါတယ်။

(3) PQ (Physical Quotient )

PQ ကတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုစွမ်းအင်တွေပါ။ တစ်နည်းအားဖြင့် ပြောရရင်တော့ ကျန်းမာရေးဆိုင်ရာကို ရည်ညွှန်းပါတယ်။ လူတစ်ယောက်မှာ အကုန်ပြည့်စုံနေလည်း ကျန်းမာရေးအသိ မရှိလို့ ကျန်းမာရေးချို့ယွင်းလာရင် ဘာမှစွမ်းဆောင်နိုင်မှု မရှိတော့ပါဘူး။ PQ ကောင်းဖို့ အဓိက လိုအပ်တဲ့သူတွေကတော့ အားကစားသမားတွေ၊ စစ်သည်တော်တွေ၊ တိုက်ခိုက်ရေးသမားတွေ၊ အကသမားတွေနဲ့ အခြားတီးမှုတ် ဖျော်ဖြေရေးသမားတွေပဲ ဖြစ်ပါတယ်။ သာမန်လူတွေရော မလိုအပ်ဘူးလားဆိုတော့ သက်ရှိတိုင်းအတွက် ကျန်းမာရေးက အရမ်းအရေးပါ ပါတယ်။

(4) AQ (Adversity Quotient )

AQ ကတော့ EQ ထဲက ယုတ္တိရှိရှိနှင့် ကိုင်တွယ်ဖြေရှင်းတတ်မှုလိုပါပဲ။ AQ ကတော့ ပိုပီးအသေးစိတ်တတ်တဲ့ အခြေအနေရှိသူမျိုးလို့ ပြောလို့ရပါတယ်။ လူတစ်ဦးတစ်ယောက် အဖြစ်မနေ ကြုံတွေရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ၊ အန္တရာယ်တွေကို လျှပ်တစ်ပျက်အချိန်လေးမှာပဲဖြစ်ဖြစ်၊ အချိန်ယူပြီးဖြေရှင်းတဲ့အခါမှာပဲဖြစ်ဖြစ် တည်ငြိမ်မှုရှိရှိဖြင့် မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန် တုံ့ပြန်နိုင်တဲ့ စွမ်းအင်မျိုးဖြစ်ပါတယ်။

(5) SQ (Spiritual Quotient )

SQ ကတော့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်ပါတယ်။ မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို တန်ဖိုးထားသလို တခြားကိုးကွယ်မှုတွေကိုလည်း တန်ဖိုးထားတတ်တဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ မိမိကိုးကွယ်ယုံကြည်အပေါ် မြတ်နိုးတန်ဖိုးထားခြင်း၊ စည်းကမ်းလိုက်နာထိန်းသိမ်းမှုတွေကို အလေးထားတတ်ခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးထားမြတ်နိုးမှုလေးကလည်း လူသားတစ်ယောက်အတွက် ကောင်းမွန်တဲ့ အမူအကျင့်ထဲမှာ ပါဝင်ပါတယ်။

(6) CQ (Creativity Quotient )

CQ ကတော့ တခြားသူများနှင့်မတူတဲ့ ရှုထောင့်ကနေ ဖြေရှင်းခြင်း၊ ဆန်းသစ်မှုတွေ ဖန်တီးခြင်းမျိုး ဖြစ်ပါတယ်။ CQ လည်း မွေးရာပါစွမ်းရည်ထဲမှာ ပါပါတယ်။ အလှတရားတွေကိုလည်း သူများတွေထက်ပိုပြီး မြင်တွေ့တတ်ပါတယ်။ သူတို့ရဲ့ အတွေးအခေါ်၊ ဖန်တီးချက်တွေက သာမန်လူတွေမမြင်နိုင်၊ မတွေးနိုင်တာတွေကို အမြဲ ထူးခြားဆန်းကြယ် နေပါတယ်။ သူတို့စိတ်ဝင်စားကျင်လည်နေတဲ့ ဘယ်နေရာမှာမဆို သူတို့သည် စွန့်ဦးတီထွင်သူများအဖြစ် အမြဲရှေ့က ဦးဆောင်နေကြတဲ့သူများ ဖြစ်ပါတယ်။

ယခုဆိုလျှင်ဖြင့် Quotient (၆)မျိုး အကြောင်းကို ယေဘုယျသဘောလောက်တော့ သိမြင်သွားပြီလို့ ထင်ပါတယ်။ အခုဖော်ပြချက်ကတော့ လူတိုင်း နားလည်သဘောပေါက်လွယ်အောင် အတိုချုံးရေးသားထားခြင်း ဖြစ်ပါတယ်။ တစ်ခုခြင်းစီမှာ အသေးစိတ်ကလေးတွေ ထပ်မံပြီး အကျယ်ချဲ့လိုက်ရင်တော့ နောက်ထပ်အများကြီး ရှိပါသေးတယ်။ အထက်က အချက်အလက်များကို ခြုံငုံကြည့်လိုက်မယ်ဆိုလျှင်တော့ တစ်ခုချင်းစီက အကုန်အရေးပါနေသလို ချိတ်ဆက်မှုတွေလည်း ရှိတာကို ဖတ်နေရင်း တွေးမိလိမ့်မယ် ထင်ပါတယ်။ ကြိုးစားပြုပြင်လို့ရတာလေးတွေကို ပြုပြင်ရင်း သင်ကိုယ်တိုင်၊ သင့်ရဲ့မျိုးဆက်၊ သင့်ပတ်ဝန်းကျင်ကို အကျိုးရှိတဲ့အရာလေးတွေကို မျှဝေရင်း “ လူတော် လူကောင်း” များ ပေါ်ထွန်းလာစေရန် ကြိုးစားအားထုတ်ကြပါစို့။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img