2019.08.15TRAVEL
ချင်းပြည်ရဲ့နှလုံးသား (သို့မဟုတ်) ဝိညာဉ်တို့ပျော်ရာအရပ် ရိဒ်ရေကန်
ဝိညာဉ်တို့ပျော်ရာအရပ်ဆိုပီး မလန့်သွားပါနဲ့နော် ✌️
ရိဒ်ရေကန်သမိုင်းက ဝိညာဉ်နဲ့ဆက်စပ်နေလို့ပါ
စာလေးနဲနဲရှည်မယ့်အတွက် စိတ်ရှည်လက်ရှည်နဲ့ဖတ်ပေးပါနော် ❤️
သဒ္ဓါတို့ သီတင်းကျွတ်ပိတ်ရက်ခရီးသွားမယ်စီစဉ်တော့ ချင်းပြည်ကိုရွေးဖြစ်တယ်. ချင်းတောင်ပိုင်း နတ်မတောင်ကျတော့လဲ လူတိုင်းနီးပါးသွားနေကြတော့ ဒီတခါ Adventure ဆန်ဆန်လေးလဲဖြစ်အောင် ချင်းမြောက်ပိုင်း ရိဒ်ရေကန်ကို Galaxy Paradise Travel & Tour နဲ့သွားဖို့ရွေးချယ်ခဲ့ပါတယ်
ခရီးလမ်းကြောင်း
▪️▪️▪️▪️▪️▪️▪️
ပထမဆုံး ရန်ကုန် – ကလေးကားအရင်စီးရပါတယ်
ရန်ကုန်ကနေ ကလေးကိ်ု ညနေ ၃ နာရီ အောင်မင်္ဂလာ
ကားဂိတ်ကနေ စထွက်ပါတယ် ခရီးလမ်းကြောင်းက ပင်ပန်းတဲ့အတွက် Express စီးမယ်ဆို VIP seater များကိ်ုသာ ရွေးချယ်စေချင်ပါတယ် High Class နဲ့ဆိုတစ်ယောက်ကို ၃၃၀ဝ၀ ကျပါတယ်
High Class Express
ရန်ကုန် (အောင်မင်္ဂလာ ကားကွင်း) 09-420225777 , 09-420225888
ရန်ကုန် (အောင်ဆန်းကွင်း)
09-793211170 , 09-793211180
ကလေးအထိ လေယာဉ်နဲ့သွားမယ်ဆိုလဲရပါတယ်
သဒ္ဓါတို့ကတော့ ကားလမ်းကြောင်းကိုပဲ
ရွေးချယ်ဖြစ်ခဲ့ပါတယ် 🤩 ရန်ကုန်ကနေ ကလေးကိ်ု ပုံမှန်စီးရင် မနက် ၉ နာရီလောက်ရောက်ပါတယ်
ဒါပေမဲ့ သဒ္ဓါတို့ သွားတော့ လမ်းအခြေအနေမကောင်းလို့ တခြားလမ်းဖက်ကလှည့်လာရလို့ ကလေးကိ်ု နေ့လည် ၁ နာရီမှ ရောက်ပါတယ် 😓 ၂၂ နာရီလောက်ကားစီးလိုက်ရပါတယ်
တည်းခိုဖို့
▪️▪️▪️▪️
ကလေးရောက်ရင်တော့ ကားကို တည်းမယ့် ဟိုတယ် ရှေ့ပဲရပ်ခိုင်းလိုက်ပါတယ် သဒ္ဓါတို့ကတော့ Hotel GBH မှာတည်းဖြစ်ပါတယ် ဈေးကတော့ ၃၀ဝ၀ဝ ဝန်းကျင်ခန့်ရှိပါတယ်
ပထမရက်မှာတော့ ကလေးမြို့တွင်းလည်ပတ်ပြီး hotel မှာပဲ တစ်ညအိပ်ခဲ့ပါတယ်
ချင်းတောင်တန်းများဆီသို့
▪️▪️▪️▪️▪️▪️▪️▪️
မနက် ၇ နာရီလောက်မှာ ဟိုတယ် breakfast စား ရေမိုးချိုးပြီး အထုတ်များသိမ်းဆည်းကာ ရိဒ်ရေကန်ရှိရာသို့
ခရီးဆက်ရန်ပြင်ဆင် ကြပါတယ်
ဟိုတယ်ရှေ့တွင် လာခေါ်သောကားဖြင့် ချင်းတောင်တန်းများဆီသို့ ခရီးဆက်ကြပါတယ်
မနက် ၈ နာရီခန့်တွင် စထွက်ပြီး မနက် ၉:၁၀ မိနစ်ခန့်တွင် ၆၂၅၀ ပေမြင့်သော သိုင်းငင်ရွာသို့ရောက်ရှိပါတယ်
ချင်းတောင်တန်းများကပို၍အသက်ဝင်လုပ်ရှားလာသလို
ခံစားရပါတယ်
(အဲ့အထိတော့လမ်းကောင်းပါသေးတယ် သာသာယာယာပဲပေါ့😝)
ချင်းတောင်တန်းများအလယ်
▪️▪️▪️▪️▪️▪️▪️▪️▪️
တောင်တန်းတွေရဲ့အလွန် စာအုပ်လေးဖတ်ပြီး
သိုင်းငင်ကျော်ရင် ပိုလှတယ်လို့ဖတ်ဖူးတော့ တကယ်ပါကွာ
သိုင်းငင်ကျော်တာနဲ့ လေသာတောင်တန်းများပေါ်က
လေထန်ကုန်းဆိုတဲ့နေရာမှာ ဓာတ်ပုံရိုက်ဖို့ရပ်ပါတယ်
ရိဒ်မရောက်သေးဘူး တော်တော်လေးကိ်ုလှနေပါပီ😍
လေထန်ကုန်းဆိုတဲ့နာမည်အတိုင်း တောင်ထိပ်မှာ
ကြာကြာမရပ်နိုင်ပါဘူး လေတိုက်ပြီး အေးလွန်းလို့ပါ 🤩 ဓာတ်ပုံတွေ ရှယ်ရိုက်ပါလိမ့် ပါးစပ်အဟောင်းသားပဲ😁
လေထန်ကုန်းကနေဆက်လာရင် တီးတိန်မြို့လေးကိုရောက်ပါတယ် တီးတိန်မြို့အဝင်ဆိုင်းဘုတ်မှာ ဓာတ်ပုံရိုက်ပြီး နေ့လည်စာစားဖို့ရပ်ပါတယ်
ချင်းတောင်ဆိုတော့ သိတဲ့အတိုင်း စားစရာဟင်း
ကတော့ ရေလုံပြုတ်တွေကြီးပါပဲ 🤦🏻♀️ မတတ်နိုင်ဘူး ကြက်ဥကြော်လေးမှာပီး စားရတာပေါ့
ပီးတော့ တီးတိန်ကော်ဖီနဲ့ ချင်းဒိုးနတ်ဆိုတာကြီးကို အချိုတည်းစားကြည့်ခဲ့ဖို့ မမေ့နဲ့ဦးနော် 😁
ကဲ နေ့လည်စာလဲစားပြီးပြီဆိုတော့ ရိဒ်ရေကန်ကို ထပ်ပီး ခရီးဆက်ပါတယ်. စပါပြီ🙄 စားထားသမျှအစာတွေ
စပြီးကြေပါပီနော် ဂလုံဂလွမ် နဲ့ လမ်းကြမ်းကြီးကို စမောင်းပါပြီ 😭 မံဆောင်းတံတားဆီသွားဖို့ တောင်အဆင်းလမ်းကိုမောင်းပါတယ်
တံတားတဖက်ခြမ်းက တောင်တက်လမ်းကိုပြန်မြင်နေရပါတယ် ကြည့်ရတာ လှသလောက် တော်တော်လေးကိုပင်ပန်းပါတယ်
၁ နာရီလောက်ဆင်းပြီး မဏိပူရမြစ်ကို ဖြတ်ပြီးထိုးထားသော မံဆောင်း ကြိုးတံတားတွင် ဓာတ်ပုံဆင်းရိုက်ကြပါသေးတယ် (မပင်ပန်းနိုင်သေးဘူး🤧😛)
တံတားဖြတ်ပီးတော့ စတက်ပါပြီ ခုနကမြင်ခဲ့ရတဲ့ လှလိုက်တာ လှလိုက်တာ ဆိုပြီး ပြောလာခဲ့တဲ့ တောင်တက်လမ်းလေးကို 🤐
သဒ္ဓါဆို ဝိတ် ၃ ပေါင်လောက်ကျသွား မယ်ထင်တယ် 😫 သဘောပေါက်လိုက်ပါတယ် အဲ့ဒါကြောင့် ချင်းမြောက်ပိုင်းကို သိပ်ပီး အလည်မလာကြတာပါလားလို့
ဘေးရှုခင်းတွေလှသလောက် လမ်းလေးကိုလည်း
ဒီထက်ကောင်းအောင် ပြုပြင်ပေးစေချင်ပါတယ်😪
ကားသမားကသီးချင်းလေးဖွင့်ပေးထားတော့
နားထောင်ပြီးအမောပြေရပါတယ်
- တောင်ပေါ်ခေါင်ရည်ချိုမြမြ* ဆိုတဲ့ သီချင်းကို Down သွားပါ 😂 တကယ် ချစ်ဖို့ကောင်းပြီး လမ်းတလျှောက်
နားထောင်လို့အသင့်တော်ဆုံးပါ
မြွေလိမ်မြွေကောက် လမ်းကြမ်းတွေကိုတက်ပြီး
လွိုင်တီးဆိုတဲ့ရွာလေးကိ်ုရောက်ပါတယ် ခဏလောက်နားပြီး ထပ်သွားကြပြန်တယ်
Rikhawdar (ရိဒ်ခေါဒါမြို့)
▪️▪️▪️▪️▪️▪️▪️▪️▪️
ညနေ ၃ နာရီခွဲလောက်မှာတော့ ရိဒ်ရေကန်တည်ရှိရာ ရိဒ်ခေါဒါမြို့လေးကိ်ုရောက်ရှိ်ခဲ့ပါပြီ😍
မြို့ထဲကနေ ၁၀ မိနစ်လောက်ထပ်မောင်းရင်တော့
ရိဒ်ရေကန်ကြီးကိ်ုရောက်ရှိပါပြီ 🤩 ရေကန်တွေ့လိုက်တာနဲ့ ပင်ပန်းထားတာသမျှ မောပန်းနွမ်းနယ်မှုတွေ
ဘယ်ရောက်လို့ရောက်မှန်းမသိ အော် ရိဒ်ရေကန်ဆိုတာ
ဒါကြီးပါလား ပါးစပ်အဟောင်းသားနဲ့🤩🤩
ကားပေါ်ကဆင်းတာနဲ့ ရေကန်ကြီးဆီပြေးတော့တာပဲ ❤️ ပီးတော့ ကန်ဘေးမှာရှိတဲ့ ဘန်ဂလိုလေးတွေမှာ
အထုတ်တွေချ ရေမိုးချိုးပြီး ရိဒ်ရေကန်ကို အပေါ်စီးကမြင်ရမယ့် view point ကိုသွားပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်.
ညနေစာကိ်ုတော့ ကန်ဘေးက ရိဒ်ကန်သာ ဆိုတဲ့
တစ်ဆိုင်တည်းသော စားသောက်ဆိုင်လေးမှာဝင်စားကြပါတယ် ဈေးလဲအရမ်းမကြီးပါဘူး
တစ်ခုရှိတာက ကန်ဘေးမှညအိပ်ဖို့ ဘန်ဂလိုက ၇ လုံးပဲရှိပါတယ် တစ်လုံးကို အခန်း ၂ ခန်း နဲ့ တစ်ခန်းကို
၂ ယောက်ပဲနေလို့ရတော့ သွားလည်တိုင်းအဲ့မှာပဲ
တည်းရမယ်လို့ အာမ မခံပါဘူးနော်😪
ဘန်ဂလိုက မီး ၁၀ နာရီလောက်ဆိုဖြတ်ပါတယ်
ဒါပေမဲ့ ရိဒ်ခေါဒါမြို့ထဲက ရိဒ်ရွှေပြည်ဆိုတဲ့ Guest House လေးမှာတည်းလို့ရပါတယ် ကန်နဲ့သိပ်မဝေးပါဘူး😍
ရိဒ်မီးပုံပွဲ
▪️▪️▪️▪️
ကဲ ညနေစာလဲစားပြီးပြီဆိုတော့ ကန်ဘေးမှာ မီးပုံပွဲလေးလုပ်ကြပါတယ် 🔥🌈
Galaxy Paradise ကအကုန်စီစဉ်ထားပြီးသားပါ
နွားနောက်သားကြော်နဲ့ တောင်ပေါ်ခေါင်ရည်ချိုချိုလေးပါ Free တိုက်ပါတယ် 🤩
အမလေးနော် သဘာဝရဲ့အရသာကို ကန်ဘေးမှာ
တဝကြီးခံစားပါလိမ့် ကောင်းကင်မှာလဲကြယ်တွေအပြည့်နဲ့
လမင်းကြီးကထိန်ထိန်သာလို့ မီးပုံလေးနဲ့ ဝိုင်းဖွဲ့ထိုင်ပြီး ဂစ်တာလေးတီး သီချင်းလေးဆို ပြန်စဉ်းစားကြည့်လိုက်တာနဲ့တင် တော်တော် စိတ်ချမ်းသာစရာကောင်းနေပါပြီ😇😇😇
သဒ္ဓါကတော့ အိပ်ပစ်ရမှာ နှမျောလို့ တညလုံး ထိုင်ပြီး ကြယ်တွေကြည့်ပြီး သီချင်းလေးနားထောင်နေခဲ့ပါတယ်
(အမှန်တော့ ရိဒ်ရေကန် သမိုင်းဖတ်ပြီး သရဲကြောက်လို့
မအိပ်တာ 😛😝)
မြူခိုးဝေတဲ့ ရိဒ်ကန်သာ
▪️▪️▪️▪️▪️▪️▪️▪️
မနက်ကိုတော့ ၆ နာရီလောက်ထပြီးရေကန်ဘေးကိုသွားကြည့်ပါ 🤭 ညနေတုန်းက မြင်ခဲ့ရတဲ့ ရေကန်ကြီးနဲ့မတူ
တော့ပဲ ကိုယ့်ရှေ့မှာ ပင်လယ်ကြီးရောက်နေသလိုပဲ မြူတေအပြည့်နဲ့ 😍😍 ရန်ကုန်ကယူလာတဲ့ အနွေးထည်လှလှ
လေးတွေနဲ့ ဓာတ်ဖမ်းပါလိမ့် 🤩✌️
ရာသီဥတုလေးကတော့ ရေမချိူးနိုင် 😜 အလှလေး
ပြင်ပြီး ဓာတ်ပုံပတ်ရိုက်ပေါ့ 🤭
ရိဒ်ရေကန်ရယ် ဒီလို အဆင့်ဆင့်လာရတာ အရမ်းတန်တာပဲလို့ အဲ့တော့မှသိလိမ့်မယ် 🤗 ရေကန်ထဲက ရေကိုအမှတ်တရ ဘူးလေးနဲ့ထည့်ခဲ့နော်
အားလုံးပြီးတော့ မနက် ၈ နာရီလောက် မနက်စာစား ၉ နာရီလောက် အထုတ်တွေသိမ်းပြီး ကားပေါ်တင်
View point ဆက်သွားအုပ်စုလိုက်ပုံတွေရိုက် ဘာ Goal ည Goal တွေရိုက် ကားခေါင်မိုးပေါ်ပါတက်ရိုက်😛
ရေကန်ကြီးကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်
ရိဒ်အပြန်လမ်း
▪️▪️▪️▪️▪️
အပြန်မှာတော့ ရိဒ်ခေါဒါ မြို့ရဲ့ တဖက်ခြမ်း မြန်မာ- အိန္ဒိယ နယ်စပ်မြို့လေး ဖြစ်တဲ့ Zokhawdar (ဇိုခေါဒါ) မြို့လေးကို ခဏလောက်သွားလည်ကြပါတယ်
ဟိုဘက် ဒီဘက် ကုန်ကူးသန်းရောင်းဝယ်နေကြတဲ့
မီဇိုရမ်လူမျိုးများနှင့် ရှုပ်ယှက်ခက်နေပါတယ် စောစောသွား
နိင်မှ လူရှင်းပြီး ဓာတ်ပုံရိုက်ရတာကောင်းပါမယ်
မနက် ၁၀ နာရီလောက်မှာတော့ ရိဒ်ခေါဒါမြို့လေးကိုနှုတ်ဆက်ပြီး အလာလမ်းအတိုင်းပြန်ကာ လွိုင်တွီးရွာလေးမှာ ထမင်းစားပြီး တီးတိန်မြို့ ရှောင်ဇောင်းစံပြ
ကျေးရွာလေးကိုဆက်လာခဲ့ကြပါတယ်
ရှောင်ဇောင်းစံပြကျေးရွာလေးက ဆေးလိပ် အရက် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်ပြီး ဟိုးခေတ်က ရှိခဲ့တဲ့ ချင်းရိုးရာအိမ်လေးလည်းရှိပါတယ်
ရိုးရာအိမ်သွားရင် အိမ်အသုံးဆောင်ပစ္စည်းတွေကအစ အကုန်ရှင်းပြပေးပါတယ် 💛
ကနေဒီတောင်
▪️▪️▪️▪️▪️
ထို့နောက် တီးတိန်မြို့လေးကနေ ပြန်ထွက်ခွာခဲ့ပြီး
ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သော ကနေဒီတောင် သို့ခရီးဆက်ကြပါတယ်
နေ့လည် ၁ နာရီခွဲလောက်မှာ ကနေဒီတောင်ကိုရောက်ရှိခဲ့ပြါ့ပီ🤗
Soft hiking လေးတက်လို့ရပါတယ် ကိုယ်တက်နိုင်သလောက်ပေါ့ ဒီဇင်ဘာ, ဇန်နဝါရီသွားရင်တော့ တစ်တောင်လုံး တောင်ဇလပ်ပန်းနီနီရဲရဲများကိုတွေ့ရမှာပါ သဒ္ဓါတို့ကတော့ လူညီလို့ အပေါ်ဆုံးထိတက်ခဲ့ပါတယ် လုံးဝ အမေးဇင်းပါ ချင်းတောင်တန်းတွေဆိုတာ ကလောဖက်က တောင်တွေနဲ့တောင်မတူပါဘူး အရမ်းရမ်းလှပါတယ် ❤️
ညနေမှောင်တဲ့အချိန်မှာ အောက်ပြန်ရောက်ပြီး
ကလေးမြို့လေးကိုပြန်ခဲ့ပါတယ် 😇
လက်ဆောင်ပစ္စည်းဝယ်ဖို့
▪️▪️▪️▪️▪️▪️▪️▪️
ချင်းရိုးရာအထည်နဲ့ accessories တွေတို့ကို Tahan Thu Chin Traditional Shop
ဆိုတဲ့ လက်ဆောင် ပစ္စည်းရောင်းတဲ့ဆိုင်မှာ
ဝယ်လို့ရပါတယ် စိတ်ရှည်ပြီးအကုန် ထုတ်ပြပါတယ် 😁🤗
လိုအပ်တာလေးတွေ
▪️▪️▪️▪️▪️▪️▪️
☑️ အနွေးထည်ထူထူလိုပါတယ် ရိဒ်မှာချမ်းပါတယ်
☑️ ဓာတ်မီးလေးယူသွားပါ မီးကတစ်နေကုန်မရပါဘူး
☑️ လက်အိတ်, ခြေအိတ်, ခေါင်းစွပ် (သို့) ဦးထုပ်
တောင်တက်ဖို့ Shoe ဖိနပ်
☑️ လွယ်အိတ်အသေးလေးတွေပါရင်ပိုကောင်းပါတယ် ပေါ့ပေါ့ပါးပါး backpack 🎒 လေးတွေယူသွားပါ
☑️ ပါဝါဘန့် အရေးကြီးဆုံးပဲနော် 😝
☑️ အိမ်သုံးဆေးဝါးလေးတွေ
(Tour နဲ့ဆိုရင်တော့အကုန်ပါပါတယ်)🤗
သတိပြုရန်
▪️▪️▪️▪️
✖️✖️အမှိုက် လုံးဝ လုံးဝ ပစ်မချပါနဲ့
ပန်းလေးတွေလျှောက်ခူးပြီး ဓာတ်ပုံရိုက်ပြီး ပစ်မထားခဲ့ပါနဲ့ ✖️✖️✌️
ကဲ သူများတွေမသွားခင် ချင်းမြောက်ပိုင်းက ရိဒ်ရေကန်လေးကိ်ု ဆောင်းတွင်းမကုန်ခင် သွားရောက်လည်ပတ်ပြီး အလှအပများကိုခံစားနိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်
Tour နဲ့သွားချင်တယ်ဆိုရင်
Galaxy Paradise Travels and Tours
Contact -09340043558, 09424264052
က်ုဆက်သွယ်မေးမြန်းလို့ရပါတယ်
Service ကောင်းပါတယ်
စာရှည်သွားတာကို အဆုံးထိဖတ်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
Blogger မဟုတ်တဲ့အတွက် လိုအပ်တဲ့နေရာလေးတွေမှာ သည်းခံပြီး ဖတ်ပေးကြပါနော် စိတ်ရှိတဲ့အတိုင်းသာရေးရရင် ပိုရှည်မိမှာ 😁😁
ရိဒ်ရေကန်သမိုင်းကိုနောက်မှ သက်သက်ထပ်ရေးပေးပါမယ်
ကျေးဇူးတင်ပါတယ်ရှင်
လွတ်လပ်စွာ Share နိုင်ပါတယ်✌️✌️✌️❤️
TD’s Travel Notes📝

ပင်လယ်အလား

မနက်ခင်း ရိဒ်

အေးတယ်

Panorama

ညနေခင်း ရိဒ်

ဘန်ဂလိုရှေ့ မြက်ခင်းကျယ်

It’s called Heaven??

နောက်က ဘန်ဂလိုလေးတွေ 💛

Zokhawthar City

Welcome to India

ကုန်တင်ကုန်ချလုပ်နေကြတဲ့ မီဇိုရမ်လူမျိုးတွေ

မံဆောင်းကြိုးတံတား

ပင်လယ်ရေမျက်နှာပြင်အထက် ၅၆၆၇ ပေမြင့်သော
တီးတိန်မြို့လေး

ရှောင်ဇောင်းရွာက ကျောက်သင်ပုန်းတွေမိုးထားတဲ့
ချင်းရိုးရာအိမ်
ကျောက်သင်ပုန်းအနီရောင်ကိုခေါင်မိုးမိုးခားပြီး
အောက်မှာ ရိုးရိုးကျောက်သင်ပုန်းတွေကို ကြွေပြားအဖြစ်ခင်ထားတဲ့ အိမ်လေး
ချင်းတိုင်းရင်းသားတွေထဲက အရမ်းချမ်းသာတဲ့လူကြီးတယောက်ယောက်ရဲ့အိမ်ပေါ့ အရင်ကဆို အရမ်းချမ်းသာမှ ဒီလိုအိမ်ဆောက်တာတဲ့

ရှောင်ဇောင်းရွာက ကလေးတွေစီးတဲ့ သစ်သားနဲ့လုပ်ထားတဲ့ ချား
(မသိဘူး တက်စီးတာပဲ😜)

လေသာတောင်တန်းကြီးနဲ့
ဆိုင်ကယ်, ကားအလာကိုမကြောက်မရွံ လမ်းမလယ်ထိုင်ကာ ပဲပေးနေသူ😂

လေသာတောင်တန်းပေါ်က လေထန်ကုန်း
အပြင်မှာ ပိုလှတယ်
😜😜 အကျီက စာကိုဖတ်ကြည့်နော်

ခရီးသည် ❤️✌️
ခရီးသွားရင်း အဲ့လို အိတ်လေးလွယ်ချင်ရင်တော့
Burmesevispo Clothing ပိုင် ဘုန်းသွင် ဆီမှာ မှာလို့ရပါတယ်

လမ်းကောင်းနေတုန်းလေး
လမ်းကြမ်းရင် ဓာတ်ပုံရိုက်ဖို့မလွယ်ဖူး ခုန်နေလို့

မံဆွောင်းတံတား အတက်လမ်း ကြည့်တာတော့လှတယ်
ရောက်တော့မှ ဝိတ်ပါကျမယ် 😂

တောင်ဇလပ်ပန်းပွင့်ချိန်ဆို တစ်တောင်လုံး နီရဲနေတာတဲ့
ဇန်နဝါရီထပ်သွားဦးမယ်

ကနေဒီတောင်ထိပ်မှာ အထာကျကျအိပ်မယ်

နွားနောက်သား, ကြက်သားသုပ်, သီဟိုဠ်စေ့
မီးပုံပွဲမှာ 😍
Galaxy Paradise Travels

View point

Tahan Thu Chin Traditional Shop ✌️
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

