2019.06.06TRAVEL
ဇွန်လရဲ့ အကောင်းဆုံးဖြစ်တဲ့ 920USD တည်းနဲ့ ထိုင်ဝမ်တစ်ခွင် အစုံအလင်ခရီးစဉ်
ဇွန်လရဲ့ အကောင်းဆုံးဖြစ်တဲ့
920USD တည်းနဲ့ ထိုင်ဝမ်တစ်ခွင် အစုံအလင်ခရီးစဉ်
(7D/6N)
ခရီးသွားရင် Royal Active နဲ့မှ ဆိုတဲ့ ချစ်တို့အတွက် ဇွန်လရဲ့ မိုးရေစက်လေးတွေအနဲ့အတူခရီးသွားဖို့ အလန်းစား Tour Package တစ်ခုကို ထပ်မံယူဆောင်လာပါပြီ။
ဒီတခါတော့ ထူးထူးခြားခြားလေးဖြစ်သွားအောင် 920 USDထဲနဲ့ ထိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးကို ရောက်မယ့် ခရီးစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။
ချစ်တို့အနေနဲ့ ဘာကြောင့် ထိုင်ဝမ်ကျွန်းကို သွားလည်သင့်တာလဲ???
ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ မတူဘဲ အရာရာမှာ ခေတ်မီတိုးတက်ပြီး လွတ်လပ်စွာသွားလာနိုင်လို့ ခရီးသွားတိုင်း သဘောကျတဲ့ နိုင်ငံပါ။
ဒါ့အပြင် ထိုင်ဝမ်ဟာ ရာသီဥတုအားဖြင့်လည်း နေချင်စဖွယ်ကောင်းအောင် သင့်တင့်မျှတပြီး မြောက်ပိုင်းကတော့ အအေးပိုတတ်တဲ့ ကျွန်းလေးပါ။
စိမ်းစိုနေတဲ့ လက်ဖက်စိုက်ခင်းတွေ
လှိုင်းသံတစ်ဝုန်းဝုန်းကြားက ကျောက်ဆောင်ကြီးတွေနဲ့
ပင်လယ်ကမ်းခြေတွေ မိုးမျှော်တိုက်ကြီးတွေ
ကမ္ဘာ့အဆင့်မှီ ဈေးဝယ်စင်တာ စတဲ့နေရာတွေကြောင့် ထိုင်ဝမ်ဟာ သဘာဝအလှတင်သာမက၊ မြို့ပြရဲ့ ခေတ်ရှေ့ပြေး ပုံရိပ်တွေနဲ့ပါ ပြည့်နှက်နေတာမို့ မဖြစ်မနေသွားရောက် လေ့လာသင့်တယ့်နိုင်ငံတခုလို့ တင်စားရင်လည်း မမှားပါဘူးနော်။
အမလေး ထိုင်ဝမ်းအကြောင်းညွှန်းလာလိုက်တာ လည်ပတ်ရမယ့်နေရာတွေ ပြောဖို့တောင် မေ့နေပြီ။ ဒီ ထိုင်ဝမ်ခရီးစဉ်လေးမှာတော့…
တောင်တွေကာရံထားတဲ့ အလည်မှာ အင်းလေး ရေပြင်ပြာ အဲ…အဲ.. မှားလို့ နာမည်ကျော် နေလကန်ဟု တင်စား ခေါ်ဝေါ်ကြတဲ့ Sun Moon Lake
ဂျပန်ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့ပြီး ပေပေါင်း (6000) ကျော်အမြင့်ရှိသော Alishan National Scenic Area တောင်ပေါ်အမျိုးသားဥယျာဉ်
.
ရောင်စုံအနုပညာလက်ရာတွေကို တစ်ဝကြီးရှူစားရမယ့် Pier 2 Atr Center အနပညာပြခန်း
သာယာလှပလှတဲ့ ကြာကန်ကြီးအလည်မှာတည်ရှိတဲ့ ဘုံခုနှစ်ဆင့်နဲ့ နာမည်ကျော်ကျောင်းဆောင် Dragon & Tiger Pagodas
ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံး ယဉ်ကျေးမှုယဉ်ကျေးမှုစင်တာတခုဖြစ်တဲ့ Fo Gaung Shan ပြတိုက်
ဉာဏ်တော်အမြင့် 36 m မြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ Fo Gaung Shan Buddha ရုပ်ပွားတော်မြတ်ကြီး
ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် ရေပူစမ်းတွေထဲက တခုဖြစ်သည့် Zhiben Hot Spring
နှစ်ထောင်ပေါင်းများစွာက နေ၊ ရေ၊ လေ ဒါဏ်တွေကြောင့် ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ကျောက်တောင်တွေရှိတဲ့ Xiao Yehliu Natural stone sculptural park
လှိုင်းပုံစံ အခုံး (8) ခုဖြင့် ထူးခြားစွာ ဆောက်လုပ်ထားသော Sanxiantai Arch Bridge
ထိုင်ဝမ်နိုင်ငံ၏ အမျိုးသားဥယျာဉ် (9) ခုရှိသည့်အနက်တခုဖြစ်သည့် Taroko Park
ပင်လယ်ရေ မျက်နှာပြင်အထက် 2408 m အမြင့်ရှိ ထိုင်ဝမ်နိုင်ငံ၏ အမြင့်ဆုံး ချောက်ကမ်းပါး တခုဖြစ်သည့် Qingshui Cliff
ထိုင်ဝမ်နိုင်ငံရဲ့ Landmark လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဘုရင်မဦးခေါင်းပုံ ကျောက်ဆောင်
တိုင်ပေ မြို့ရှိ နာမည်ကျော် မိုးမျှော် အဆောက်အအုံ Taipei 101 Tower
Shopping ထွက်ချင်သူတွေ ၊ အစားအသောက်ကြိုက်သူတွေအတွက် Ximending Shopping District
ထိုင်ဝမ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး Chaiang Kai Shek အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်သော Chiang Kai-Shek Memorial Hall စတဲ့ ထိုင်ဝမ်တစ်ခွင် စုံစုံလင်လင် သွားရောက်လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဘယ်နေရာတွေကို သွားရမလဲဆိုတာတော့ သိသွားပြီ။ ခရီးစဉ်ထွက်ခွာမယ့် ရက်လေးတွေနဲ့ ပါဝင်မယ့် ဝန်ဆောင်မှုလေးတွေကို ကြည့်လိုက်ရအောင်…☺️
ထွက်ခွာမည့်ရက်က – June 02 – June 08 (7D/6N) ပါ။
Royal Active ရဲ့ ဝန်ဆောင်မှုတွေကတော့….
လေယာဉ်လက်မှတ်
ဗီဇာကြေး
ကြယ်သုံးပွင့်အဆင့်ဟိုတယ်
ဝင်ကြေး
စားသောက်စရိတ်
👦👦 မြန်မာတိုးလီဒါ
င်္ဂလိပ်စကားပြောဧည့်လမ်းညွှန် စတာတွေပဲ ဖြစ်ပါတယ်။ Royal Active ဟာ ခရီးသည်တိုင်းကို VIP သဖွယ် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်ရှင်။
တစ်ယောက်ကို 👉 920USD တည်းနဲ့ ထိုင်ဝမ်တစ်ခွင် စုံစုံလင်လင် လည်ပတ်ခွင့်ရမှာဆိုတော့ အခုပဲ ခရီးစဉ်လေးကို Booking တင်လိုက်ရအောင်နော်။ ☺️
ခရီးစဉ်ထဲမှာပါဝင်တဲ့ဝန်ဆောင်မှုတွေ အသေးစိတ်သိချင်ရင် comment မှာသော်လည်းကောင်း ၊ Chat Box မှာသော်လည်းကောင်း ဆက်သွယ်မေးမြန်းနိူင်ပါတယ်ရှင်။ 😍😍😍
အသေးစိတ်ကိုထပ်မံသိရှိလိုပါက –
🏠 Royal Active Travels
တိုက်၃၇ ၊ အခန်း၁၁ ၊ ရွှေအုန်းပင်အိမ်ယာ ၊ ရန်ကင်းမြို့နယ် ၊
☎️ 09 42 778 8100
☎️ 09 42 778 8200 တို့ကို Viber မှ တစ်ဆင့် (သို့) chat box မှလည်းဆက်သွယ်နိုင်ပါတယ်ရှင်။
” ဖော်ရွေပျူဌာမှု ၊ ကျွမ်းကျင်မှု နှင့် တာဝန်ယူမှုအပြည့်နဲ့ ဝန်ဆောင်မှုပေးနေသော Royal Active နဲ့ခရီးသွားပါ။”
#travelwithlove #travelwithRoyalActive
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

