2019.06.28ENTERTAINMENT
ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
Tokyo Oden Boys အဖွဲ့ဟာဆိုရင် ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်ဖွယ်ဟာသများကို တင်ဆက်ပေးနေတဲ့ ဂျပန်နိုင်ငံမှ လူရွှင်တော်ငါးယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ မတ်လထိ Myanmar National Television (MNTV) မှ ထုတ်လွှင့်ပြသခဲ့သော Happy Japan အစီအစဉ်တွင်လည်း ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုအစီအစဉ်တွင် ပရိသတ်များနှင့်အတူတကွ မစ်ရှင်များကို လုပ်ဆောင်ခဲ့သောကြောင့် ပရိသတ်များနဲ့ မစိမ်းသောအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်များအနေနဲ့ Arky (အားကီ)၊ Tigers Abe (မျက်မှန်ဆူရှိ)၊ Tigers Endo (အရှည်ကြီး)၊ Tigers Okiru (ဖက်တီးနင်ဂျာ) နဲ့ Mari Midorikawa (ကစ်တီ) တို့ပဲဖြစ်ပါတယ်။
ထိုအဖွဲ့၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် Mari ဟာဆိုရင် ၁၉၈၃ ခုနှစ်တွင် ဂျပန်နိုင်ငံ Nagoya မြို့တွင် မွေးဖွားခဲ့ပါတယ်။ ဝါသနာကတော့ ဟင်းချက်ခြင်း၊ အလှအပနဲ့ ရုပ်ရှင်ကြည့်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ရေကူးခြင်း၊ သရုပ်ဆောင်ခြင်း၊ အလှပြင်ခြင်းနဲ့ Udon noodle ပြုလုပ်ခြင်းတွေမှာ အထူးကျွမ်းကျင်ပါတယ်။

Tigers Endo ကတော့ ၁၉၈၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံ Chiba ခရိုင်၊ Sakura မြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ငါးမျှားခြင်း၊ လေ့လာရေးထွက်ခြင်း၊ ဂိမ်းဆော့ခြင်းနှင့် ဂီတာတီးခြင်း အစရှိသည်များကို ဝါသနာပါသူ ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းချီဆွဲခြင်းနှင့် ဂီတာတီးခြင်း အစရှိသည်တို့ကို လုပ်လေ့ရှိပါတယ်။

Tigers Abe ကတော့ ၁၉၈၉ ခုနှစ် Osaka တွင် မွေးဖွားခဲ့ပါတယ်။ ဘောလုံးပွဲကြည့်ခြင်းကို ဝါသနာပါတဲ့သူ ဖြစ်ပါတယ်။ Cerezo Osaka အသင်းရဲ့ ၁၀ နှစ်တိုင်တိုင် အမာခံပရိသတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ထိုအသင်းအတွက်လည်း ဂုဏ်ပြုသီချင်း သီဆိုနိုင်ခဲ့ပါတယ်။ အလယ်တန်း တက်ခဲ့စဉ်ကလည်း ဘေ့စ်ဘောအသင်းတွင် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

Tigers Okiru ကတော့ ၁၉၈၄ ခုနှစ် Miyazaki မြို့တွင် မွေးဖွားခဲ့ပြီး ကာတွန်းကားကြည့်ခြင်း၊ ရော့ခ်သီချင်းနှင့် ဂီတာတီးခြင်းတို့ကို နှစ်သက်သူလည်း ဖြစ်ပါတယ်။ One-shot Gag လုပ်ခြင်းတွင်လည်း အထူးကျွမ်းကျင်ပါတယ်။

အဖွဲ့ဝင်နောက်တစ်ဦးကတော့ Arky ပဲဖြစ်ပါတယ်။ သူ့ကို ၁၉၈၆ ခုနှစ် Kamimashiki တွင် မွေးဖွားခဲ့ပါတယ်။ နိုင်ငံခြားခရီးထွက်ခြင်း၊ ဆိုင်ကယ်စီးခြင်း နှင့် ကြွက်သားအားကစားလုပ်ခြင်းတို့ကို ဝါသနာပါပါတယ်။ အင်္ဂလိပ်စာ၊ နေ့စဉ်သုံး မြန်မာစကားနဲ့ Boxing ထိုးခြင်းတို့ကို ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အောက်ကလင့်ခ်ကနေလဲ သူတို့ရဲ့လှုပ်ရှားမှုလေးတွေကို ဝင်ကြည့်နိုင်ပါတယ်နော်
https://www.facebook.com/TOKYO.ODEN.BOYS/
Yangon Style ပရိတ်သတ်ကြီးကို သတင်းကောင်းပါးစရာတစ်ခုရှိပါတယ်။ အဲဒါကတော့ လာမယ့် ဇူလိုင်လမှာ ပရိသတ်အချစ်တော် Tokyo Oden Boys အဖွဲ့ရဲ့ Live အစီအစဉ်ရှိကြောင်း အသိပေးချင်ပါတယ်။ အတိအကျကိုတော့ အောက်မှာဖော်ပြထားပါတယ်နော်။ ဆက်ဆက်သွားရောက် အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
အကြောင်းအရာ: TOKYO ODEN BOYS LIVE !!
အချိန် : ၂၁.၇.၂၀၁၉ (တနင်္ဂနွေနေ့)
ညနေ ၄ နာရီ ~ ၅ နာရီ ( နေ့လယ် ၃ နာရီခွဲတွင် ခန်းမစတင်ဖွင့်လှစ်မည်)
နေရာ : WaCafe 3F
လိပ်စာ : အမှတ်(၇၅)၊ ဗဟိုလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
မြေပုံလမ်းညွှန် : https://goo.gl/maps/9tHSHUAmTxC2
By: KST
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

