2019.08.21FEATURE
သိထားသင့်တဲ့ ဗီယက်နမ်နဲ့ပတ်သက်တဲ့ အချက် (၁၀) ချက်
ဗီယက်နမ်နိူင်ငံဟာတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို ရောက်ဖူးတဲ့သူလည်းအရမ်းများ ပါတယ် ။ တချို့မရောက်ဖူးသေးတဲ့သူများနဲ့ ဗီယက်နမ်နိူင်ငံနဲ့ပတ်သက်လို့ မှတ်သားထားစရာတွေ ၊ လေ့လာ စရာတွေ သိချင်တဲ့သူအတွက် ဗီယက်နမ်နိင်ငံနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်(၁၀)ချက်ကို ဒီနေ့ Royal Active Travels page မှဖော်ပြလိုက်ပါတယ်။

၁။ ဆိုင်ကယ်အများဆုံးနိုင်ငံ
တခြားနိုင်ငံတွေမှာတော့ မော်တော်ကားတွေက အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးတစ်ခုအဖြစ်နဲ့ အများ ဆုံးမြင်ရမှာဖြစ်ပေမယ့် ဗီယက်နမ်မှာတော့ မော်တော်ဆိုင်ကယ်ကိုအများဆုံးတွေ့ရမှာပါ။ ဘယ်လောက်တောင် များလည်းဆိုရင် ဗီယက်နမ်တစ်ခုလုံးက ဆိုင်ကယ်အစီး ၄၅ သန်းလောက်ရှိပါတယ် ၊ ဒါဟာလူဦးရေနဲ့အချိုးချ ကြည့်မယ်ဆို လူ ၂ ယောက်ကိုဆိုင်ကယ် ၁ စီးနှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။

၂။ သိန်းချီတန်ငွေစက္ကူများနဲ့ မီလီယမ်နာကြီးဖြစ်သွား
ဟုတ်ပါတယ် ဗီယက်နမ်ရဲ့ ငွေကြေးကဖောင်းပွလွန်းအားကြီးပါတယ်။ သူတို့မှာအနည်းဆုံး ၂၀ဝ တန် အကြွေ ကနေ ၅၀ဝ၀ဝ၀ တန်အရွက်ကြီးအထိရှိပါတယ် ။ သူတို့ရဲ့ ၂၀ဝ တန်တစ်ရွက်က ဒေါ်လာ ၁ပြား သာသာ တန်ဖိုးဘဲ ရှိပါတယ် ၊ ၅၀ဝ၀ဝ၀ တန်မှ ဒေါ်လာ၂၅ ဘဲရှိတာမို့ သွားရောက်လည်ပတ်တဲ့သူများအနေနဲ့ သုည ပေါင်းများစွာကြားမှာ ရေတွက်ရင်းရှုပ်ကုန်တတ်ပါတယ်။ ဒါကြောင့်ဈေးဝယ်ရင်အရမ်းသတိထားပါ ၊ ကိုယ်က သူတို့ပိုက်ဆံသုံးနေ ကြမဟုတ်တော့ ပေးတဲ့အခါပိုပေးတတ်ကြပါတယ် ။ ဒါနဲ့သူတို့ရဲ့ ငွေကြေးကို Dong (ဒေါင်) လို့ ခေါ်ဝေါကြပါတယ်။

၃။ ဗီယက်နမ်တို့ရဲ့ မုန့်ဟင်းခါး “PHO”
နိူင်ငံတိုင်းမှာသူတို့ရဲ့ national dish လို့ခေါ်တဲ့အမျိုးသားအစားအစာရှိပါတယ် ။ ဗီယက်နမ်မှာလည်း “PHO” ဖိုလို့ခေါ်တဲ့ ခေါက်ဆွဲပြုတ်ကသူတို့နိုင်ငံရဲ့ နေရာတိုင်းမှာရနိူင်တဲ့အစားအစာတစ်မျိုးပါ။ ဒီဒေသစာက အမဲသား ပြုတ်ရည်ထဲ ၊ ခေါက်ဆွဲထည့် ၊ ကြက်သွန်မြိတ် ၊ ပဲပင်ပေါက် ၊ နံနံပင် ၊ သံပုရာသီး ၊ ပူစီနံ ၊ ငရုတ်သီးစိမ်း လေးထည့်ပြီးစားရတဲ့ ခေါက်ဆွဲတစ်မျိုးဖြစ်လို့ ဗီယက်နမ်ရောက်ရင် မြည်းစမ်းသင့်တဲ့အရာ တစ်ခုပါ။

၄။ အမျိုးမျိုးသောအရည်တို့ကိုသောက်သုံးရာ
ဗီယက်နမ်တွေက အစားသာလျှင်မကဘဲ အသောက်မှာဘာအမျိုးစုံတယ်လို့ ပြောလို့ရအောင် ၊ ကော်ဖီဆိုင်လို နေရာမျိုးမှာတောင် အမျိုးစုံသောက် တတ်ကြသူတွေပါ ။ သူတို့ဘာတွေသောက်သလဲဆိုရင် လမ်းဘေး ကော်ဖီဆိုင်တွေမှာ ကြက်ဥကော်ဖီ ၊ ဒိန်ချဉ်ကော်ဖီ ၊ အုန်းနို့ကော်ဖီ ၊ ဖျံချေးကော်ဖီတွေ အပြင် ထူးထူးဆန်းဆန်း စပါးကြီးမြွေစိမ်ထားတဲ့ မြွေအရက် ၊ ကင်းမြှီးကောက်စိမ်ထားတဲ့ ကင်းမြှီးကောက် အရက် တို့လိုမျိုးတွေကိုလည်းတွေ့ရမှာပါ။ မြွေစိမ်ထားတဲ့ အရက်ကိုသောက်သုံးသူတွေက အသက်ရှည်ပြီး ၊ ကျန်းမာ တယ် လို့ယူဆတယ်လို့ လည်းသိရပါတယ်။ သင်ရောအခုပြောခဲ့တဲ့အရည်တွေထဲက ဘယ်အရည်ကိုစမ်း သောက်ကြည့်ချင်လဲ ၊ ပြောကြည့်။

၅။ ဘယ်မှာမှမတွေ့နိူင်တဲ့ ရေပေါ်ရုပ်သေးပွဲ
များသောအားဖြင့် ရုပ်သေးပွဲတွေ ၊ လက်ထိုးရုပ်သေးတွေကိုစင်တင်နဲ့ မြေပေါ်မှာသာလုပ်တာမြင်ဖူးကြပေမယ့် ဗီယက်နမ်မှာတော့ ရုပ်သေးတွေကို ရေပေါ်မှာပြသ တာတွေ့ရမှာပါ။ သူတို့ရိုးရာသီချင်းလေးတွေနဲ့ တင်ဆက် တဲ့ထူးထူး ဆန်းဆန်း ရေပေါ်ရုပ်သေးပွဲဟာဆိုရင်ဖြင့် နိူင်ငံခြားသားတိုးရစ်တွေကြားမှာ အရမ်းနံမည်ကျော်တဲ့ အစီအစဉ်လေးဘဲဖြစ်ပါတယ်။

၆။ “ငုရင်” ပါတဲ့နံမည်ကို ဗီယက်နမ်မှာ အ ပေးများ
ဟုတ်ပါတယ် ။ ဗီယက်နမ်မှန်ရင် နံမည်မှာ “ငုရင်” ထည့်ကြသလားလို့မေးရအောင် လူဦးရေရဲ့၄၀ ရာခိုင်နှုန်းသော သူတွေရဲ့မိသားစုနံမည် family name ကို Nguyen “ငုရင်” ထည့်ခေါ်လေ့ရှိကြပါတယ် ။ သူတို့နိူင်ငံ အတွက်တော့ နိူင်ငံခေါင်းဆောင်ကြီး ဟိုချီမင်းကအစ ငုရင်ဆိုတဲ့ နံမည်ထည့်မှည့်ထားတဲ့အတွက် ဒီနံမည်ဟာ သူတို့အတွက်တော့ အရမ်းကိုသဘောကျကြိုက်နှစ်သက်ပြီး လူကြိုက်များတဲ့နံမည်လို့တောင် ပြောလို့ရပါသေးတယ်။

၇။ ဗီယက်နမ်တွေ မကြိုက်တဲ့ လက် သ င်္ကေတ
များသောအားဖြင့် လက်ချောင်းလေးကို cross လုပ်ထားရင်အနောက်နိူင်ငံတွေမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးတဲ့အယူအဆ ဖြစ်ပေမယ့် ဒီအပြုအမူဟာ ဗီယက်နမ်ကိုရောက်ရင် သတိထားရမယ့် လက် သင်္ကေတပါတဲ့ ၊ ပုံထဲမှာပါတဲ့အတိုင်း အဲလိုလက်ပုံစံမျိုးဆို သူတို့ကိုဆဲတာပါတဲ့ ၊ အမျိုးသမီးလိင် အင်္ဂါ အစိတ် အပိုင်းနဲ့တူတယ်လို့ ဗီယက်နမ်တွေကယူဆတဲ့အတွက် အရမ်းစိတ်ဆိုးတာဘာတဲ့နော် ၊ ဒါကြောင့် ဗီယက်နမ် သွားလည်ရင် အဲလိုမျိုးမလုပ်မိဖို့ လည်း သတိပြုနိင်အောင် ပြောပြလိုက်ပါတယ်။

၈။ ကံကောင်းစေတဲ့လက်ဆောင်
လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ကိုကံကောင်းစေတယ်လို့ ယူဆတဲ့ ပစ္စည်းလေးတွေရှိပါတယ် ။ ဗီယက်နမ် မှာလည်း အဲလိုပစ္စည်းမျိုးလေးတွေကို လက်ဆောင်အဖြစ်နဲ့ပေးရင်သဘောကျပါတယ်တဲ့ ၊ ဒါကဘာပစ္စည်းလဲ ဆိုတော့ “လိပ်” ပါတဲ့ ၊ လိပ်ကသူတို့ကို အသက်ရှည်စေတယ် ၊ ကံကောင်းစေတယ် ၊ ကြွယ်ဝချမ်းသာတယ်လို့ ယူဆတဲ့အတွက် လိပ်ရုပ်လေးတွေပေးရင်အရမ်းကြိုက်တာပါတဲ့နော်။

၉။ သီဟိုဌ်စေ့ထုတ်လုပ်ရေးမှာဘုရင်
ဗီယက်နမ်တွေက ကမ္ဘာရဲ့ ၃၀ ရာခိုင်နှုန်း သီဟိုဌ်စေ့တင်ပို့တဲ့နိူင်ငံဘဲဖြစ်ပါတယ်။ သီဟိုဌ်စေ့ထုတ်လုပ်ခြင်း လုပ်ငန်းကသူတို့အတွက် အကြီးဆုံးဖြစ်ပြီး အာရှ ၊ အမေရိကနဲ့ ဥရောပတစ်ခွင်ကိုတင်ပို့တာလည်းဖြစ်ပါတယ်။ သူတို့ရဲ့သီဟိုဌ်စေ့က ကမ္ဘာ့အလယ်မှာနံမည်ကြီးတယ်ဆိုပေမယ့် သီဟိုဌ်စေ့ စက်ရုံမှာလုပ်တဲ့ အလုပ်သမား လေးတွေအတွက်တော့ မျက်နှာငယ်ရပါတယ်တဲ့။ အကြောင်းကတော့ သီဟိုဌ်စေ့ထုတ်တဲ့အပိုင်းမှာ သီဟိုဌ်စေ့ ကိုအစေ့ချွတ်တဲ့ လုပ်ငန်းစဉ်မှာသုံးတဲ့ အက်စစ်က အလုပ်သမားလေးတွေရဲ့ လက်ကိုလောင်တဲ့အတွက် အလုပ်သမားတွေရဲ့လက်အသားအရေတွေပျက်စီးကြပါတယ်။ ဒါကြောင့် တချို့နိူင်ငံတွေမှာ သီဟိုဌ်စေ့ထုတ် တာကို အားမပေးသလို စားလည်းမစားကြပါဘူးတဲ့။

၁၀။ ကမ္ဘာ့အကြီးဆုံးဂူ
ဗီယက်နမ်တို့ရဲ့နောက်ထပ်ဂုဏ်ယူစရာအချက်ထဲမှာ Phong Nha Ke Bang အမျိုးသားဥယျာဉ်အလယ်က Hang Son Doong ဂူလည်းပါပါတယ်။ အလျား ၅ ကီလို မီတာ ရှည်ပြီး ၊ အမြင့် ၂၀ဝ မီတာ ၊ အကျယ် ၁၅၀ မီတာ ကျယ်ဝန်းတဲ့ ဂူကြီးက ၂၀၁၃ ခုနှစ်မှာအများပြည်သူတွေလည်ပတ်လို့ရအောင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါ တယ်။
အခုလို ခရီးသွားနဲ့ပတ်သက်တဲ့ပို့စ်လေးကိုကြိုက်နှစ်သက်ကြမယ်ဆိုရင် like & share လုပ်ပြီး Royal Active Page လေး မှာ စောင့်ဖတ်ဖို့ see first လုပ်ထားပေးပါနော်။
#Vietnam နဲ့ပတ်သက်လို့ သီးသန့်ခရီးစဉ်စီစဉ်ချင်ရင်ဘဲဖြစ်ဖြစ် ၊ အဖွဲ့လိုက်တိုးဘဲသွားချင်ချင် Royal Active Travels ကိုဆက်သွယ်လိုက်ပါနော်။ #travelVietnam #TravelwithRoyalActive
Royal Active Travels
🏠 တိုက်၃၇ ၊ အခန်း၁၁ ၊ ရွှေအုန်းပင်အိမ်ယာ ၊ ရန်ကင်းမြို့နယ် ၊
☎️ 09 42 778 8100
☎️ 09 42 778 8200 တို့ကို Viber မှ တစ်ဆင့် (သို့) chat box မှလည်းဆက်သွယ်နိုင်ပါတယ်ရှင်။ 😊
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

