fb_icon

bnr_tob_1

2019.07.12FEATURE

Jeff Bezos ရဲ့ ပါရမီ အပိုင်း (၁)

Yangon Style မှာ Amazon company အကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။ ယခုအခါ Amazon ကိုတည်ထောင်သူလည်းဖြစ် ဥက္ကဌ လည်းဖြစ်တဲ့ Jeff Bezos အကြောင်းကို ဆက်လက် ဖော်ပြလိုပါတယ်။
Jeff Bezos ကို ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် New Mexico ပြည်နယ် Albuquerque မြို့တွင် မွေးဖွားခဲ့ပါတယ်။ Jeff Bezos ၏ ငယ်နာမည်အပြည့်အစုံမှာ jeffrey Preston Jorgensen ဖြစ်ပါတယ်။ မိခင်သည် Bezos ကိုမွေးပြီး တစ်နှစ်အကြာတွင် အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး Bezos ၅ နှစ်အရွယ်တွင် မိခင်သည် ကျူးဘား နွယ်ဖွား Exxon Company ၏ အင်ဂျင်နီယာဖြစ်သူ Miguel Bezon ဆိုသူနှင့် လက်ထပ် ခဲ့ပြီး သား၏ နာမည်မှာလည်း ထုံးတမ်းအစဉ်အလာအရ jeffrey Preston Bezon ဟုပြောင်းလဲခဲ့ပါတယ်။ ထို့ပြင် ဒုတိယဖခင် မှာ ၎င်းတို့ မိသားစုနှင့်အတူ တက္ကဆက်ပြည်နယ်ရှိ ဟိုစတန်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
Bezos ၏ မိခင်ဘက်တွင် ဘိုးဘွားများ၏ ဧက ၂၅,၀၀၀ အကျယ်ရှိ နွားမွေးမြူရေးခြံများ ပိုင်ဆိုင်လုပ်ကိုင်ကြသည်။ Bezos ၏ (မိခင်ဘက်မှ) အဖိုးဖြစ်သူသည် အဲဘူကွာလ်ကွီ ရှိ အမေရိကန် အနုမြူစွမ်းအင် ကော်မရှင်၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်မှ အငြိမ်းစား ယူပြီးနောက် မွေးမြူရေးခြံလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။ Bezos ငယ်စဉ်က နွေရာသီအားလပ်ချိန်များတွင် အဖိုးနှင့်အတူ စီမံခန့်ခွဲရေးများ လုပ်ကိုင်ရင်း အချိန်ကုန်လွန်ခဲ့ပါတယ်။ Bezos လမ်းလျှောက်တတ်စ အရွယ်၌ပင် ၎င်း၏ ကလေးကုတင်ကိုပင် ဝက်အူလှည့်ဖြင့် ဖြုတ်ရန်ကြိုးစားခဲ့ပါတယ်။ ဤအချက်ကို ထောက်ရှုခြင်း အားဖြင့် Bezos ၏ စက်ပိုင်းဆိုင်ရာ သင်လွယ်တတ်လွယ်တဲ့ ပါရမီကို သိမြင်နိုင်ပါတယ်။
Bezos က တစ်ဦးတည်း လွတ်လွတ်လပ်လပ်နေရန် ညီငယ်ကို မိမိအခန်းအတွင်း မဝင်စေရန် လျှပ်စစ် အချက်ပေးကိရိယာကို မိမိဘာသာတပ်ဆင်ခဲ့ပါတယ်။ ထိုကြောင့် ကလေးအရွယ်ကပင် Bezos က သိပ္ပံပညာရပ်ပိုင်းဆိုင်ရာတွင် စိတ်အားထက်သန်ကြောင်း ပြသခဲ့ပါတယ်။ မိဘ၏ ကားဂိုဒေါင်ကိုလည်း သိပ္ပံစမ်းသပ်ခန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။
Bezos သည် အထက်တန်းကျောင်းသားအရွယ်ကပင် ဖလော်ရီဒါတတ္ကသိုလ်တွင် ကျောင်းသားအဆင့် သိပ္ပံဆိုင်ရာ လေ့ကျင့်မှုသင်တန်းကို တတ်ရောက်ခဲ့ပြီး ထိုသင်တန်း၌ပင် Silver Knight ဆုကို ၁၉၈၂ ခုနှစ်တွင် ရရှိခဲ့ပါတယ်။ Bezos သည် အထက်တန်းကျောင်း တက်နေစဉ်၌ပင် McDonald’s တွင် အချိန်ပိုင်း လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် Princeton University ကို တက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် summa cum laude, Phi Beta Kappa with Bachelor of Science degree in computer science နှင့် electrical engineering ဘွဲ့ကို ရရှိခဲ့ပါတယ်။
Bezos ၏ ကြိုးစားမှုများနှင့် လုပ်ဆောင်ချက်များကို အပိုင်း (၂) တွင်ဆက်လက် ဖတ်ရှုပေးပါရန် ရေးသားရင်း နိဂုံးချုပ်လိုက် ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img