2019.08.14FOOD
🇹🇭ထိုင်းအရသာစစ်စစ်စားရင်း ဓာတ်သွားဖမ်းကြမယ်📸 ရင်းနှီးမှုတွေတိုးဖို့ သင်္ဘောသီးထောင်းကြစို့
အစားအသောက်ကောင်းတဲ့ ဆိုင်တွေ ရှာရတာ မလွယ်ပါ့လား🤔မိုးအေးအေးလေးမှာ နေရာကောင်းကောင်း..အချိန်များများနဲ့ ဇိမ်ကျချင်သူတွေအတွက်..
ဒီတစ်ခါတော့ အစားအသောက်ကောင်းတဲ့ ထိုင်းဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ..😊
ထိုင်းလက်ရာစစ်စစ်ကို အရသာရှိရှိစားရမယ် အပေါ်ထပ် အောက်ထပ် ဆိုတော့ နေရာအတွက် စိတ်ပူစရာမလိုသလို နေရာကျယ်ကျယ်နဲ့ အေးဆေးပဲ😅
ကောင်မလေးတွေပဲ လာမလား? Couple လေးတွေ / ရိုချင်တဲ့သူတွေ / အေးအေးဆေးဆေးထိုင်ချင်သူတွေအတွက် အစားအသောက်ကောင်းသလို ဆိုင်အပြင်အဆင်လေးကလည်း နေရာမလွတ် ဓာတ်ဖမ်းချင်စရာကြီးပဲ..📸
ဈေးနှုန်းကလည်း ၃၀ဝ၀ ဝန်းကျင်များစွာရှိပြီး အစားစားရှိပါတယ် Hot pot / သင်္ဘောသီးထောင်း / ငါးသံပုရာပေါင်းတွေကတော့ လူကြိုက်များတယ်ပြောတယ်🍲🍝
Wifi လေးလည်း ပေးထားတော့ ထိုင်းစာလေးစားရင်း အလုပ် လုပ်လည်းရတော့ အဆင်ပြေတာပေါ့..
ပတ်ဝန်းကျင်လေးက ငြိမ်သက်တော့ အေးအေးဆေးဆေးပဲ.. ပြီးတော့ ဆိုင်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်းကောင်းတယ်..
📍ဆိုင်နာမည်လေးကတော့ “ Vitamin Thai”

အစားအသောက်တွေနဲ့ ဇိမ်ကျမယ်

🔥Hot Pot Seafood
တခြားအသား 7500နဲ့ Seafood 9000 ပါ Sea food ပဲမှာလိုက်တယ် အသားပါလာတာကတော့ နည်းပါတယ်😌 အရွက်လေးတွေစုံသလို မွှေးမွှေးကြိုင်ကြိုင်လေးနဲ့ တော်တော် သောက်ကောင်းတယ် မီးသွေးနဲ့ မြေအိုးလေးနဲ့ဆိုတော့ အရသာတွေက ပိုကောင်းတယ် မှတ်တယ်

Dressing ဆန်တယ်

🍤🍤🍤🍤

ပြင်ဆင်ထားတာ ဘယ်လောက်မိုက်လဲ

ပြင်ဆင်ထားတာ ဘယ်လောက်မိုက်လဲ

🔥Papaya salad
ထိုင်းဆိုင်ရောက်လာမှတော့ သင်္ဘောသီးထောင်းကတော့ ရှယ်ပဲ ဒါနဲ့ ကိုယ်တိုင်ထောင်းစားချင်သူတွေအတွက်လည်း စီစဉ်ပေးထားပါတယ်ဗျ..ဘယ်လိုလဲ? ရင်းနှီးမှုလေးတွေ လိုအပ်နေတဲ့သူတွေအတွက် အခွင့်အရေးကောင်း..😱

🔥Moo yoor fried rice
ထမင်းကြော်ထားတာလေးက ကောင်းလို့ တစ်ယောက်ထဲစားမယ်ဆိုရင် အအေးတစ်ခွက်နဲ့ဆိုရင်တောင် ပြည့်စုံပြီ😊

Shrimp Cake 🍤🍤
ချဉ်ရည်လေးနဲ့ တော်တော်မိုက်တယ် ဆိမ့်နေတာပဲ အစားအသောက်ကောင်းကောင်းစားချင်သူတွေ ဒါကို ရှောင်ရင်တော့ လူမိုက်ပဲ

🍹Pineapple Juice
နာနတ်သီးဖျော်ရည်ကလည်း တော်တော်ကောင်းပါတယ် ဆိုင်မှာ ခုလောလောဆယ်တော့ အသီးအနှံဖျော်ရည်တွေ သိပ်မရနိုင်ပါဘူး Thai Teaတွေကတော့ တော်တော်စုံစုံရပါတယ်

အစားအသောက်တွေစားရင်း လမ်းဘေးကို ငေးမယ်

တူ ဇွန်း ခရင်းလေးတွေကို ပန်ချီပါတဲ့ ပျဉ်ပျားပုံးလေးတွေထဲ ထည့်ထားတာလည်း ဆွဲဆောင်မှု တစ်မျိုး

အပေါ်ထပ်မှာပါ

အောက်ထပ်မှာ
ထမင်းလုံးလေးတွေလည်း ယူလို့ရတယ် ၁လုံး ၅၀ဝပါ😁
20000ကျော်ရင် 1000တန် Gift Vouncher လေးတွေလည်း ပေးတယ်ဆိုတော့😉
📲ဒါနဲ့ Check in ဝင်ပေးထားရင် 5%off တဲ့နော်😁
ဆိုင်လိပ်စာလေးကို လျိုမထားတော့ပါဘူး😂
🔖ဆိုင်လိပ်စာလေးကတော့ “ Vitamin Thai” ပါ
🕖Open Daily : 7:00Am to 9:00Pm
🏠Address : No.103, Parami Road ( near Baho Road), 16 Qtr, Hlaing Township, Yangon.
Hotline : 09 761 883 239, 09 895 703 418
Yangonstyle #Vitaminthai #Nay
By : Nay
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

