fb_icon

bnr_tob_1

2019.09.30FEATURE

အာရှမှာ ဘယ်နိုင်ငံတွေကို ခရီးသွားလည်ပတ်မှုအများဆုံးလဲ

ကမ္ဘာအနှံ့က လူတိုင်း ကြိုက်နှစ်သက်တဲ့ ဝါသနာတစ်ခုကို ပြောပါဆိုရင်တော့ ခရီးသွားခြင်ဖြစ်ပါတယ်။
လူအတော်များများက ဒေသတစ်ခုကို ကိုယ်တိုင်အရောက်သွားစွန့်စားတာကိုတော့ အားလုံးပဲ သဘောကျ နှစ်သက်ကျပါလိမ့်မယ်။ အားလပ်ရက် ပိတ်ရက်တွေတိုင်းဟာ နေရာသစ် ဒေသသစ် နိုင်ငံသစ်တွေကို ခြေချလေ့လာကြည့်ဖို့ အခွင့်အရေးတွေအဖြစ် အသုံးချတတ်ကျပါတယ်

1.China

တရုတ်နိုငိငံကတော့ နယ်မြေဧရိယာကြီးမားကျယ်ပြန့်ပြီး တောတောင် မြစ်ဝှမ်း ကန္တာရ အစရှိသဖြင့် မတူညီသောသဘာဝတရားများ ယဉ်ကျေးမှုများ စုစည်းထားသောနိုင်ငံဖြစ်ပါတယ်။ သမိုင်းကြောင်းကြီးမားပြီး လေ့လာစရာ လည်ပတ်စရာများပြားတဲ့အပြင် ဖွံ့ဖြိုးတိုးတက်နေမှုတွေကြောင့် ကမ္ဘာအနှံမှ ခရီးသွားများစွာကို ဆွဲဆောင်ထားနေနိုင်ပါတယ်။

2.Thailand

သယ်ယူပို့ဆောင်ရေးမှာ လွန်စွာတည်ငြိမ်အဆင်ပြေနေတဲ့ ထိုင်းနိုင်ငံကတော့ အဆင့် ၂ မှာရှိနေပါတယ်။ ခရီးသွားလုပ်ငန်းများလွန်စွာဖွံ့ဖြိုးတိုးတက်နေပြီး ခေတ်သစ် နှင့်သဘာဝ တရားများကိုယှဉ်တွဲမြင်နိုင်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်များ ရသစုံကို ဖန်တီးထားနိုင်တဲ့အတွင် အပန်းဖြေလာရောက်ရာ နေရာတစ်ခု ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာလွှမ်းမိုးပြီး သာသနိကအဆောက်အအုံများစွာရှိပါတယ်။ ဒါအပြင် ကမ်းခြေများ ကိုကောင်းကောင်းအသုံးချပြီး ခရီးသွားလုပ်ငန်းက အင်မတန်တိုးတက်နေတာကိုတွေ့ရပါတယ်။ Shopping, Night Life နဲ့ Fun Activities များအတွက်တော့ ကမ္ဘာကျော် နိုင်ငံတစ်ခုပါ…

3.Malaysia

2005 ခုနှစ်လောက်ကစတင်ပြီး မလေးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ တဟုန်ထိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ကိုလိုနီခေတ်လက်ကျန်ဗိသုကာလက်ယာများ နှင့် လက်ဖက်ရည်အတွက်နာမည်ကျော်ပါတယ်။

4.Japan

ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ ရှေးဟောင်းအမွေအအနှစ်များကို ထိန်းသိမ်းရင်တစ်ဖက်မှာလည်း အနောက်နိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့ရွာတိုင်းလိုလိုက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

5.South Korea

K-pop Music နဲ့ K drama ဆိုတာ နိုင်ငံအရပ်ရပ်မှာ အားကောင်းကောင်းနဲ့ ဝင်ရောက်နေရာယူထားပြီး သူတို့ရဲ့ရိုးရာပုံစံ အစားအသောက် ဘာသာစကား နေရာတွေဟာလည်း ကျွန်တော်တို့နဲ့ရင်းနှီးကျွမ်းဝင်လို့နေပါတယ်။ ထိုအရာတွေကပဲ ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်လို့နေပါတယ်။

6.Singapore

စည်းကမ်းရှိသလောက် ခေတ်မီတိုးတတ်တဲ့ စင်္ကာပူနိုင်ငံကတော့ မိသားစုနဲ့ လာရောက်လည်ပတ်ဖို့ အသင့်လျော်ဆုံးနိုင်ငံအဖြစ်တောင် ကျော်ကြားပါတယ်။ ဘာသာစကားလွယ်ကူမှုတွေ တစ်နိုင်ငံတည်းမှာတင် လူမျိုးစုံနေထိုင်ပြီး အလွန်ကို လုံခြုံစိတ်ချရတဲ့နိုင်ငံတစ်ခုပါ ။ Branded shopping အတွက်လည်းနာမည်ကျော်ပါတယ်။

7. Taiwan

အာရှတိုက်ရဲ့ အသည်းနှလုံးလို့ဆိုတဲ့ ထိုင်ဝမ်နိုင်ငံကတော့ အေးချမ်းတဲ့အလှကိုပိုင်ဆိုင်ထားပါတယ်။ ဘုရားကျောင်းကန်များ ပြတိုက်များ သဘာဝဥယာဉ်သစ်တောများ စွာနှင့် ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။

8.Indonesia

Indonesia Bali ကျွန်း နဲ့ အင်ဒိုနီရှားပါတိတ်ကိုတော့ မသိသူရှားလှပါတယ်… ရှာပါးမျိုးစိတ် ကိုမိုဒိုဖွတ်နဂါးကြီးများထိန်းသိမ်းစောင့်ရှောက်ထားသော ဒေသလည်းဖြစ်ပါတယ် ။

9.India

နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး လူဦးရေထူထပ်တဲ့ အိန္ဒိယကတော့ တရုတ်ပြည်လိုပဲ တောတောင်ရေမြေသဘာဝများစွာကို စုစည်းထားပါတယ်။

Taj Mahal
Gaya
Amritsar’s Golden Temple
Kashmir အစချီပြီး လေ့လာလည်ပတ်စရာတွေ မကုန်နိုင်တဲ့ နိုင်ငံတစ်ခုပါ။

10.Vietnam

ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဗီယက်နမ်နိုင်ငံကို အားလုံးကမျက်စိကျနေပါတယ်။ တောင်ပိုင်း မြောက်ပိုင်းနှင့် အလယ်ပိုင်းတွေ က မတူညီတဲ့ အလှတရားတွေကြောင့် ဗီယက်နမ်ဟာနာမည်ရလာပါတယ်။

လန်းဆန်းသစ်လွင်တဲ့ သဘာဝတရားများ နူးညံသိမ်မွေ့သောယဉ်ကျေးမူဓလေ့များ ရှေးကျသောအမွေအနှစ်များ နှင့်အတူ မတူခြားနားတဲ့အရာတွေများစွာရှိတဲ့ အာရှတိုက်ကိုတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားစွာ လာရောက်လေ့လာလည်ပတ် ကြပါတယ်။ 2019ရဲ့့ ခရီးသွားများဝင်ရောက်မှုအများဆုံး အာရှနိုင်ငံများ ကိုပြောပြပေးလိုက်ပါတယ်နော်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img