2019.05.31SOCIAL
Y-max College တည်ထောင်သူ ဆရာဖြိုးအာကာ ၏ ကြိုးစားမှု တစ်စိတ်တစ်ဒေသ
၂၀၁၆ ခုနှစ် မေလလောက်က ကျွန်တော်တက်ရောက်ခဲ့သော Network သင်တန်း မှ အတုယူ အားကျလောက်တဲ့ ဆရာတစ်ယောက် အကြောင်းကို တင်ပြမျှဝေချင်ပါတယ်။ ထိုသူကတော့ Y-max College တည်ထောင်သူ ဆရာဖြိုးအာကာပဲ ဖြစ်ပါတယ်။ ဆရာဟာ အသက် ၁၆၊ ၁၇ နှစ်ကတည်းက ICT နည်းပညာနဲ့ ပတ်သက်တဲ့ စာမေးပွဲများကို စတင်ဖြေဆိုနေပြီလည်း ဖြစ်ပါတယ်။ ထို့အပြင် ဒဂုံတက္ကသိုလ်မှလည်း Physic နှင့် ဘွဲရရှိခဲ့ပါတယ်။
ဆရာသည် ၂၀၀၇ ခုနှစ်တွင် Y-Max အမည်ဖြင့် Internet ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး နှစ် နှစ်အကြာတွင် စင်ကာပူသို့ သွားရောက်နေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့ပြီး ICT နှင့် ပတ်သက်သော ဘွဲ့များ၊ Certificate များ ရရှိခဲ့သည်။ ၂၀၁၂မှာ မြန်မာပြည်သို့ ပြန်လည်ရောက်ရရှိလာပြီး ပညာများ မျှဝေခြင်းနှင့် စာသင်ကြားခြင်းကို ဝါသနာပါသောကြောင့် မိမိတတ်မြောက်ထားသော ICTနှင့် ပတ်သက်သော သင်တန်းကို Y-Max အမည်ဖြင့် စတင်ဖွင့်လှစ်သင်ကြား ပါသည်။
သင်တန်းစတက်သောနေ့ ပထမဆုံးနေ့တွင် ဆရာဖြိုးအာကာက မိမိသင်ကြားရမည့် ဘာသာရပ်၏ အစအခြေခံ နှင့် ဘဝအောင်မြင်မှုအတွက် စံနမူနာယူရမည့် အချက်များကို ဆရာ၏ ဘဝအတွေ့အကြုံများနှင့် ယှဉ်ကာ ပြောဆို ဆုံးမပါသည်။
Y-Max သင်တန်းကို Computer ၆ လုံး ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျောင်းသားဦးရေ များလာခြင်းကြောင့် မြို့နယ် (၃) ခုတွင် အခန်းသုံးခန်း ခွဲကာ သင်ကြားခဲ့ပါသည်။ ထိုစဉ် ကာလတွင် ဆရာအခက်အခဲများ ရှိခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသားများထဲမှ ပြန်လည်တတ်မြောက် ထူးချွန်သူများကို လက်ထောက်ဆရာ အဖြစ် စတင်ခန့်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ယခုအခါမှာတော့ အင်္ဂလန်နိုင်ငံ စကော့တလန်ရှိ Scottish Qualifications Authority ( SQA ) ၏ ထောက်ခံချက်ဖြင့် Y-max College ကိုတည်ထောင် နိုင်ခဲ့သည်။
Y-Max Technologies Co., Ltd. ရဲ့ Founder လည်းဖြစ်၊ CEO လည်းဖြစ်သည့် ဆရာဖြိုးအာကာသည် အသက်ငယ်ငယ်နှင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ထိုပြင် ကျောင်းသားတွေရဲ့အပေါ်မှာ သာမက ဝန်ထမ်းများရဲ့ပေါ်မှာပါ စေတနာ မေတ္တာဖြင့် အုပ်ချုပ်သင်ကြားပေးခဲသည့် ဆရာရဲ့ ပြောကြားဆုံးမမှုများသည် အနှစ်သာရရှိသလို ဘဝအတွက် အင်အားလည်း ဖြစ်စေပါသည်။ ဆရာ၏ ပြောကြားမှုများကို သင်တန်း၏ Orientation အချိန်တွင်သာမက ၎င်း၏ Facebook Page နှင့် ၎င်းပါဝင်သော Seminar ပွဲများတွင်လည်း သိရှိနိုင်ပါတယ်။
ထို့ကြောင့် ဘဝကို အောင်မြင်အောင် လျှောက်လှမ်းချင်တဲ့ Yangon Style ပရိတ်သတ်ကြီးအတွက် Y-max College ကို တည်ထောင်သူ ဆရာဖြိုးအာကာအကြောင်း တစ်စိတ်တစ်ဒေသကို တင်ပြပေးလိုက်ရပါတယ်။
By: Zaw Gyi
-
ENTERTAINMENT
October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု
-
FEATURE
ငလျင်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
-
FOOD
Kafe In Town😍
-
JOB
အလုပ်အကိုင် ရှင်းလင်းပွဲ နှင့် အင်တာဗျူး ပြုလုပ်မည့် အစီအစဉ်
-
LIFE&TREND
မြန်မာနိုင်ငံက လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ ၃သိန်းတန် GD နဲ့ NIKE တို့ရဲ့ဖိနပ်
-
SOCIAL
အစိုးရဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများကို တိုးချဲ့မည်
-
SPORTS
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်
-
TECH
၃ကြိမ်မြောက် တခမ်းတနားကျင်းပမယ့် Myanmar Digital Innovation & Development Event
-
TRAVEL
ကပ္ပလီပင်လယ်ပြင်ကနိဗ္ဗာန်ဘုံလေး ညောင်ဦးဖီးကျွန်း
Ranking
1. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
2. JLPT စာမေးပွဲများကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ရန် 👩🎓
3. ပျော်ရွှင်မှုရသများနဲ့ ဘဝအမောတွေပြေပျောက်သွားစေမယ့် ဂျပန်နိုင်ငံမှ Tokyo Oden Boys (Sumimasu Geinin) အဖွဲ့
4. တိမ်မြှုပ်နေတဲ့အလှတရားများပြည့်နှက်နေတဲ့ရခိုင်ပြည် တောင်ဘက်ပိုင်းက ကျောက်ဖြူမြို့လေး (ရမ္မာဝတီ) 🌊⛰
5. Tokyo Oden Boys အဖွဲ့သားများနှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ

