fb_icon

bnr_tob_1

2019.10.29FEATURE

YBS ယာဉ်စီးခပေးချေသည့်ကတ်စနစ်ကို မည်သည့်ကတ်နှင့်မဆို စီးနိုင်ရန် ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းပြော

ပြည်သူဝင်ငွေတိုးလာပါက သယ်ယူပို့ဆောင်စရိတ်တိုးမြှင့်မည်ဟုဆို

By မိုးမင်း

YBS ယာဉ်စီးခပေးချေ သည့်ကတ်စနစ်ကို မည်သည့် ကတ်နှင့်မဆို စီးနင်းအသုံးပြုနိုင် ရန် ဆောင်ရွက်မည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။


အဆိုပါယာဉ်စီးခပေးချေ ခြင်းကို YPS (Yangon Payment System)ကတ်ဖြင့် စတင် မည်ဖြစ်သော်လည်း ယင်းကတ် စနစ်ကျင့်သုံးပြီး ၂ နှစ်အတွင်း အခြားငွေပေးကတ်များဖြင့်လည်း စီးနင်းအသုံးပြုနိုင်ရန် စီမံချက် ရေးဆွဲနေသည်ဟု ဦးဖြိုးမင်းသိန်း က ယမန်နေ့ကပြုလုပ်သည့် မြို့ ပတ်ယာဉ်လိုင်းဖွင့်ပွဲတွင် ပြော ကြားခဲ့သည်။

‘‘YPS နဲ့စီးမယ်ဆိုရင်၊ ဝန် ဆောင်ခစရိတ် ၃ ရာခိုင်နှုန်းကျ မယ်ဆိုရင် မာစတာ၊ Visa နဲ့ စီး ရင် YPS အတွက် ၃ ရာခိုင်နှုန်း ကျမယ်။ မာစတာ၊ Visa အတွက် ၅ ရာခိုင်နှုန်းကျမယ်။ သူ ၈ ရာ ခိုင်နှုန်းကျမယ်။ ဒါပေမဲ့ သူဟာ YPS ကတ်သွားလုပ်စရာမလိုပါ ဘူး’’ ဟု ဦးဖြိုးမင်းသိန်းက ပြော သည်။

ထိုသို့ယာဉ်စီးခပေးချေခြင်း ကို ကတ်စနစ်ထဲသာအသုံးမပြု ဘဲ အခြားကတ်များဖြင့်လည်း အသုံးပြုနိုင်သည့်နည်းလမ်းကို ကမ္ဘာပေါ်ရှိ ၁၀ နိုင်ငံပြည့်အောင် ပင် ကျင့်သုံးနိုင်ခြင်းမရှိသေးဟု ၎င်းကဆိုသည်။

ကနဦးကျင့်သုံးမည့် YPS ကတ်စနစ်ကို YBS ဘတ်စ်ကား စနစ်၏ (၃)နှစ်ပြည့် (၂၀၂၀ ဇန်န ဝါရီ ၁၆ ရက်)မတိုင်မီ စတင်ရန် ကြိုးစားနေသည်ဟု ဦးဖြိုးမင်း သိန်းက ဆက်လက်ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် YBS ယာဉ်များအ တွက် ယာဉ်စီးခကို YPS ငွေပေး ကတ်တစ်ခုတည်းသာ အသုံးပြု မည်ဟု ယခင်က ထုတ်ဖော်ပြော ကြားထားသည်။

YBS ဘတ်စ်ကားများအ တွက် ငွေပေးကတ်စနစ်ဆောင် ရွက်ရန် Asia Starmar Inteligent ကုမ္ပဏီက တင်ဒါအောင် မြင်ထားသည်။

ယင်းကတ်စနစ်အတွက် ဘတ်စ်ကားအစီး ၁,၅၀၀ ကို ဒီဇင်ဘာတွင် စတင်တပ်ဆင်အ သုံးပြုရန် စီစဉ်နေသည်ဟု ရန် ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က သ တင်းထုတ်ပြန်ထားသည်။

ငွေပေးကတ်စနစ်နှင့်ပတ်သက်၍ သွားရောက်မည့်ခရီး အကွာအဝေးအပေါ်မူတည်ကာ ယာဉ်စီးခ ကျသင့်စေမည့်နည်း လမ်းအသုံးပြုရန် ရည်မှန်းထား သည်ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။

ထို့အပြင် ယာဉ်လိုင်းများ အနေဖြင့် အမြတ်ရရှိမှုနည်းပါးနေ ၍ ပြည်သူလူထု၏ဝင်ငွေမြင့်မား လာသည်နှင့်အမျှ သယ်ယူပို့ဆောင်စရိတ် တိုးမြှင့်မည်ဟု ၎င်းက ပြောသည်။

‘‘တဖြည်းဖြည်းချင်း သယ် ယူပို့ဆောင်စရိတ်အတွက်တစ် ဆင့်ချင်းတိုးမြှင့်ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရဘက်က ဘယ်လောက်ဝင် ပြီး ကျခံမလဲဆိုရင် ဝင်ငွေတိုး တက်လာတာနဲ့အမျှ ဝင်ရောက် ကျခံနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

လက်ရှိ၌ YBS ဘတ်စ်ကား စနစ်တွင် ယာဉ်အစီးရေလေး ထောင်ကျော်ဖြင့် နေ့စဉ်ပြေးဆွဲ နေပြီး ခရီးသည် ၂ ဒသမ ၅ သန်းရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img